DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း ဒီည ၇ နာရီ ၀င်မည်ဟု မိုးဇလသတင်းထုတ်
DVB
·
May 21, 2016
ဆိုင်ကလုန်းမုန်တိုင်း ဒီည ၇ နာရီ ၀င်မည်ဟု မိုးဇလသတင်းထုတ်
Donate to DVB

ဆိုင်ကလုန်းမုန်တိုင်း ရွန်နူဟာ ဒီနေ့ည ၇ နာရီလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်း‌ခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီလိုဖြတ်ကျော်ဝင်ရောက်ချိန်မှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုင်(၅၀)မှ မိုင်(၆၀)ခန့်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၄၀)မှ (၄၅)မိုင်ခန့် တိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။

မိုးလေ၀သဌာနရဲ့ မွန်းတည့် ၁၂ နာရီအချိန်ထုတ်ပြန်ချက်အရ မုန်တိုင်းဟာ မောင်တောမြို့နဲ့ အနီးဆုံးဖြစ်ပြီး မောင်တောနဲ့ မိုင် ၁၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာ ဖြစ်ပါတယ်။

မုန်တိုင်းဝင်ချိန်မှာ မောင်တောနဲ့ စစ်တွေမှာ မုန်တိုင်းဒီရေ ၁၂ ပေကနေ ၁၄ ပေခန့်အထိ တက်နိုင်တယ်လို့ မိုးဇလက သတင်းထုတ်ထားပါတယ်။ ကျောက်ဖြူမှာတော့ ၁၀ပေကနေ ၁၂ပေခန့်အထိ ပင်လယ်ရေ တက်နိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းများ ကျရောက်မှာဖြစ်လို့ ကမ်းနီးကမ်းဝေးသင်္ဘောတွေ အထူးသတိပြုကြပါလို့ မိုးဇလက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013