DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်ရွာများတွင် မီးရှို့ထားသည့် အလောင်း ၈ လောင်းတွေ့
DVB
·
May 21, 2016
စစ်ဘေးရှောင်ရွာများတွင် မီးရှို့ထားသည့် အလောင်း ၈ လောင်းတွေ့
1 / 10
Donate to DVB

အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ)တို့ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းက ရွာတွေမှာ မီးရှို့ခံထားရတဲ့ အလောင်း ၈ လောင်းတွေ့ရှိခဲ့ပါတယ်။

ကျောက်မဲမြို့နယ် ပန်လော့ရွာနဲ့တောင်ကုန်းတခုအကျော်မှာ အလောင်း ၃ လောင်း၊  ၀ိုးလုန်ရွာမှာ အလောင်း ၅ လောင်း တွေ့ရှိထားတယ်လို့ အလောင်းတွေကို မျက်မြင်တွေ့ခဲ့ရတဲ့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။

စစ်တပ်က ပေါ်တာဆွဲသွားတဲ့သူတဦးက သတင်းပေးခဲ့တဲ့အတွက် မေ ၂၀ ရက်က တွေ့ရှိခဲ့တာလို့ သူက ဆိုပါတယ်။

“သက်ဆိုင်ရာကိုလည်း အကြောင်းကြားထားတယ်။ လူမှုရေးအဖွဲ့တွေထဲကလည်း ပြောထားတယ်။ ဒါပေမယ့် သူတို့က ဒီနေ့ မသွားဘူးလို့ ပြောထားတယ်။ မသွားဘူးဆိုတော့ ရွာက လူတွေနဲ့ပဲ သွားသိမ်းဖို့ စီစဉ်ထားတာပေါ့” လို့ ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။

အလောင်းတွေကတော့ ဘယ်သူ ဘာဝါဖြစ်သလဲဆိုတာ မပြောနိုင်ပေမယ့် အက်စ်အက်စ်ပီပီဘက်က ဖြစ်နိုင်သလို ရွာသားတွေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပန်လော့ရွာနဲ့တောင်ကုန်းတခုအကျော်မှာတွေ့ရတဲ့ အလောင်း ၃ လောင်းကတော့ ဖြစ်သလို မီးရှို့ထားတဲ့အတွက် ခန္ဓာကိုယ်က ဒီအတိုင်း ကျန်ရှိနေပေမယ့် တချို့အလောင်းတွေကတော့ အရိုးတွေပဲကျန်တယ်လို့  ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ အက်အက်စ်ပီပီ၊ အစိုးရတပ်နဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်တို့အကြား တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေလည်း ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013