DVB Logo
Home
မေးမြန်းခန်း
လယ်ယာ​မြေ​တွေ ​ရောင်း​ချပြီး​ ထွက်ခွာ​စေချင်တဲ့​ သ​ဘောရှိတယ်
DVB
·
September 2, 2011
Donate to DVB

လယ်ယာ​မြေ နိုင်ငံပိုင်ပြု​ရေး​ အပါအဝင်၊​ လယ်သမား​ဆိုင်ရာ ဥပ​ဒေ ၃ ခုကို ဖျက်သိမ်း​ပြီး​ ဥပ​ဒေသစ်နဲ့ အစား​ထိုး​နိုင်​ရေး ဆွေး​နွေး​ဖို့​ ဗုဒ္ဓဟူး​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ သ​ဘောတူလိုက်ပါတယ်။

[caption id="attachment_15084" align="alignright" width="169" caption="ဦး​နေမျိုး​ဝေ"][/caption]

ဖျက်သိမ်း​ဖွယ်ရှိတဲ့​ ဥပ​ဒေအ​ဟောင်း​ ၃ ခု​ကြောင့်​ လယ်ယာကဏ္ဍနှင့်​ လယ်သမား​တွေဘဝ တိုး​တက်လာ​ရေး​အတွက် အဟန့်​အတား​ ဖြစ်​နေတယ်လို့​ ကျွမ်း​ကျင်သူ​တွေက အတန်ကြာကတည်း​က ​ထောက်ပြ​နေကြတာပါ။

ဒါ​ပေမယ့်​ ဒီဥပ​ဒေအ​ဟောင်း​တွေကို ဖျက်သိမ်း​လိုက်ပြီး​ရင် ဘယ်လို ဥပ​ဒေ​တွေနဲ့​ အစား​ထိုး​မလဲဆိုတာ ​မေး​ခွန်း​တခု ဖြစ်လာပါတယ်။

မြေယာဥပ​ဒေကို ပြုပြင်ဖို့​ လွှတ်​တော်ပြင်ပက​နေ အတန်ကြာကတည်း​က တိုက်တွန်း​နေတဲ့​ မတူကွဲပြား​ခြင်း​နှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေကို ကို​နေသွင်က ​မေး​မြန်း​ထား​ပါတယ်။

ဒီ​မြေယာဥပ​ဒေနဲ့​ ပတ်သက်ပြီး​ ကို​နေမျိုး​ဝေ တင်ထား​တဲ့​ ဥပ​ဒေကြမ်း​မှာ လက်ရှိ ​မြေယာဥပ​ဒေက (ပြင်မယ်ဆိုတဲ့​ ဥပ​ဒေ) ​ပေါ့​လေ။ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကိုလည်း​ အဟန့်​အတား​ ဖြစ်တယ်။ လူမှုဝန်း​ကျင်ထဲမှာလည်း​ ပဋိပက္ခ​တွေကို ဖန်တီး​တဲ့​ ဟာမျိုး​ပေါ့​။ ကို​နေမျိုး​ဝေတို့​က ဘယ်လို အချက်အလက်​တွေကို အ​ခြေခံပြီး​ ​ပြောတာလဲ ခင်ဗျ။

“အဲဒီဟာက အ​တွေ့​အကြုံက ​တော်​တော်များ​များ​ ရှိပါတယ်။ ဥပ​ဒေက မူဝါဒ ပြဿနာ ဖြစ်​နေတဲ့​တော့​ လုပ်ငန်း​ဆောင်တာ​တွေ လုပ်တဲ့​အခါမှာ ပီပီပြင်ပြင် အ​ကောင်အထည် မ​ဖော်နိုင်​တော့​ အဲဒီ ၁၉၅၃ ​လောက်က ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေက လယ်လုပ်တဲ့​ လူ​တွေအ​ပေါ်မှာ အပြည့်​အဝ ကာကွယ်ချင်တဲ့​ ပုံစံမျိုး​နဲ့​ လုပ်ထား​သော်လည်း​ တကယ့်​ တကယ် ဥပ​ဒေက မခိုင်မာတဲ့​အခါ၊​ ​နောက်ပြီး​ ​ဈေး​နှုန်း​တန်ဖိုး​တွေ မကိုက်ညီ​တော့​တဲ့​ အခါကျ​တော့​ မကာကွယ်နိုင်​တော့​တဲ့​ သ​ဘော။”

ဟုတ်ကဲ့​ မခိုင်မာဘူး​ ဆိုတာက ဘာကို​ပြောတာလဲ။

“မခိုင်ဘူး​ဆိုတာ ဆိုလိုတာက ​လျော်​ကြေး​။ နိုင်ငံ​တော်က သိမ်း​မယ်ဆိုလရင် ​လျော်​ကြေး​ပေး​ရမယ်၊​ ​လျော်​ကြေး​ဥပ​ဒေ​ပေါ့​။ ​လျော်​ကြေး​ဥပ​ဒေ ဆိုလို့​ရှိရင်လည်း​ ​မြေခွန်တွဲ တဆယ့်​နှစ်စာ ​မြေခွန်ကလည်း​ အဲဒီတုန်း​က ကျပ်ဂဏန်း​လေး​ ရှိတယ်။ သိမ်း​ရင် ​ဘောင်ဝင်သွား​တဲ့​ သ​ဘော။ ​နောက်တခုက လက်ဝဲဆန်တဲ့​ဘက်က စဉ်း​စား​ထား​တာက ပုဂ္ဂလိက ပိုင်ခွင့်​တွေ မ​ပေး​ရဘူး​ ဆိုပြီး​တော့​ ဥပ​ဒေက ရှိပြန်​တော့​ လယ်သိမ်း​ခံရရင် လယ်သမား​ဆီက လယ်ကို သိမ်း​ပြီး​ နိုင်ငံ​တော်ပိုင်ပဲ ဖြစ်ရမယ်ဆိုတယ်။

“ဒါ​ပေမယ့်​ အခုကျ​တော့​ အဲဒီဥပ​ဒေကိုလည်း​ မလိုက်နာဘဲနဲ့​ ပုဂ္ဂလိက​တွေကို မဖြစ်မ​နေ ​ပေး​ပြန်​ရော။ လယ်သမား​တွေ လက်ထဲက​နေပြီး​တော့​ အစိုး​ရက နဲ့​ ကုမ္ပဏီက သိမ်း​တာလား​ဆိုလည်း​ မဟုတ်ပြန်ဘူး​။ အစိုး​ရ အုပ်ချုပ်​ရေး​ ယန္တရား​မှာ ပါ​နေတဲ့​ ခရကတို့​၊​ မြို့​နယ်တို့​၊​ ရပ်ကွက်တို့​ အဆင့်​လူ​တွေက ပွဲစား​သဖွယ် အလုပ် လုပ်​နေရပြီး​တော့​ ပုဂ္ဂလိက လုပ်ငန်း​ရှင်ရဲ့​ လက်​အောက်ကို ​ရောက်သွား​တယ်။ လယ်သမား​လက်ထဲမှာ ​မြေက ​ရောင်း​စား​လို့​ မရဘူး​။ ကုမ္ပဏီပိုင်ရှင်​တွေ လက်ထဲကျရင် ​ရောင်း​စား​လို့​ ရသွား​တယ်။ အဲဒီ ပုံစံဖြစ်တယ်။ အဲဒါ​တွေက ဥပ​ဒေရဲ့​ ရှုပ်​ထွေး​မှု​တွေ​ပေါ့​။ ရှင်း​ရှင်း​လင်း​လင်း​ အာမ မခံနိုင်ဘူး​လေ။ အဲဒါ​ကြောင့်​ အဲဒီ ဥပ​ဒေ​တွေ ပြင်သင့်​ပြီလို့​ ​ပြောတာ။”

ဟုတ်ကဲ့​ အဲဒါဆိုရင် ​ခေတ်နဲ့​ ကိုက်​အောင် ဘယ်လိုမျိုး​ ဖြစ်သင့်​လဲ။

“​ခေတ်နဲ့​ ကိုက်​အောင်ဆိုရင် ကျ​နော်တို့​ ဒီ နိုင်ငံမှာ အခု ​ပြောဆို ငြင်း​ခုန်​နေတဲ့​ အထဲမှာ ​မြေပိုင်ဆိုင်ခွင့်​၊​ ​မြေကို သုံး​စွဲခွင့်​က ၃ မျိုး​လောက် စဉ်း​စား​ရလိမ့်​မယ်။ ပုဂ္ဂလိက က အပြတ်ပိုင်တယ်၊​ ​ရောင်း​လို့​ရတယ်၊​ ဝယ်လို့​ရတယ်၊​ ငှား​လို့​ရတယ်။ အဲဒီအ​ပေါ်မှာ အစိုး​ရက ပတ်သက်မှု မရှိဘူး​ဆိုတဲ့​ အ​မေရိကန် နိုင်ငံရဲ့​ စနစ်မျိုး​ ရှိသလို၊​ ​နောက်တခါ မဆလ​ခေတ်ကတည်း​က ရှိတဲ့​ နိုင်ငံ​တော်က ပိုင်တယ်၊​ ဘယ်သူမှ ​မြေမပိုင်ရဘူး​။ နိုင်ငံ​တော်ဆီက​နေပြီး​တော့​ လယ်လုပ်တဲ့​ လူ​တွေက ငှား​ရမ်း​ရတယ်။ လယ်မလုပ်ချင်​တော့​ရင် ဒီလယ်​မြေက​နေ စွန့်​ခွာသွား​ ဘာမှ မရဘူး​။ တခြား​ လယ်လုပ်ချင်တဲ့​လူကို ပြန်ချ​ပေး​မယ် ဆိုတဲ့​ ပိုင်ဆိုင်ခွင့်​ အဆင့်​အတန်း​ တမျိုး​ ဒါ ဒုတိယ။ တတိယ အမျိုး​က​တော့​ လယ်ယာပဲဖြစ်ဖြစ်၊​ ကိုင်း​၊​ ကျွန်း​၊​ ဥယဉ်၊​ ခြံ​မြေ အကုန်လုံး​ပေါ့​။ ​မြေကြီး​ပေါ်မှာ အလုပ်လုပ်တဲ့​ လူ​တွေ အကုန်လုံး​ကို ဂရမ် ချထား​ပေး​မယ်၊​ ငှား​ရမ်း​ထား​ပေး​မယ်။ အဲဒီ သုံး​စွဲခွင့်​ ဂရမ်ကို ​ပေါင်နှံ​ရောင်း​ချ ငှား​ရမ်း​ခွင့်​ ရှိရမယ်ဆိုတဲ့​ ပုံစံမျိုး​က အလယ်အလက် ကျတယ်။ အဲဒါ အခု ဒီ ၂၀၀၈ အ​ခြေခံဥပ​ဒေနဲ့​ ဆိုရင်လည်း​ အဲဒါက အလုပ်လုပ်လို့​ ရတယ်။”

ကို​နေမျိုး​ဝေ​ပြောတဲ့​ ကြား​ကျတဲ့​ ဥပ​ဒေ တခု ပြင်လိုက်ရင် လယ်သမား​တွေ အတွက် အသိသာဆုံး​ ဘယ်လို အခွင့်​အ​ရေး​မျိုး​တွေ၊​ သူတို့​အတွက် ကာကွယ်နိုင်တာ ဖြစ်မလဲ။ အကျိုး​က ဘာ​တွေ ဖြစ်လာနိုင်လဲ။

“ဆိုး​တာကို အရင်​ပြောမယ်ဆိုရင် လယ်သမား​တွေက အဲဒီ လယ်ယာ​မြေ​တွေကို ​ပေါင်နှံ​ရောင်း​ချလို့​ ရပြီး​ ဖြစ်တဲ့​အတွက် ​ပေါင်နှံ​ရောင်း​ချပြီး​တော့​ လယ်မဲ့​ယာမဲ့​တွေ ဖြစ်ကုန်မယ်။ ​နောက်တခါ ​မြေရှင် လူတန်း​စာတရပ် ကြီး​စိုး​မယ်ဆိုတာ ဆိုး​တာဖြစ်တယ်လို့​ လက်ဝဲဆန်တဲ့​ နိုင်ငံ​ရေး​ သမား​တွေက ​ထောက်ပြကြပါလိမ့်​မယ်။ အဲဒါနဲ့​ ပတ်သက်လို့​ ​ဖြေရှင်း​ကုစား​နိုင်တဲ့​ နည်း​လမ်း​ ကျ​နော့်​မှာ ရှိပါတယ်။

“​နောက် ​ကောင်း​တာက ဘာလဲဆို​တော့​ လယ်သမား​တွေ အဲဒီ လယ်ယာ​မြေကို စိတ်ချမ်း​သာ လက်ချမ်း​သာ ဂရမ်ရှိတဲ့​အတွက် ပိုင်ဆိုင်လို့​ ရသွား​တယ်။ သူပိုင်တယ်ဆိုတာ သက်​သေပြလို့​ ရတဲ့​အတွက် စိတ်ချမ်း​သာပြီး​တော့​ သူကိုယ်တိုင် အဆင်မ​ပြေရင် ​ငွေဖြစ်မြန်​အောင်လို့​ ​ပေါင်လို့​ ရမယ်၊​ ​ရောင်း​လို့​ ရမယ်၊​ ငှား​လို့​ရမယ်။ လယ်သမား​က လယ်မလုပ်ချင်​တော့​ရင် လယ်ကို ​ရောင်း​ပြီး​တော့​ တခြား​လုပ်ငန်း​ကို ​ပြောင်း​လို့​ ရတယ်။

“​နောက်တခုက ကျ​နော်တို့​နိုင်ငံမှာ လယ်ယာ​လေး​တွေက အရမ်း​သေး​နေတယ်။ တဦး​တည်း​ပိုင်ကို ၃ ဧက​လောက်၊​ ၅ ဧက​လောက် ဖြစ်လာပြီ ဆိုရင် လယ်ဧက​လေး​တွေ အရမ်း​သေး​လာတာကို ကျ​နော်က မကြိုက်ဘူး​။ ကျ​နော်တို့​က လယ်သမား​တွေ လယ်ယာ​မြေက​နေ ​ရောင်း​ချပြီး​တော့​ကို ထွက်ခွာ​စေချင်တဲ့​ သ​ဘောရှိတယ်။”

မြန်မာပြည်မှာက ပိုက်ဆံ အများ​ကြီး​ ချမ်း​သာတဲ့​ လူ​တွေ ရှိတယ်ဗျ။ နိုင်ငံခြား​သား​တွေလည်း​ ရှိတယ်။ သူတို့​ကို ​ပေး​မယ်ဆိုတဲ့​သ​ဘောလား​။

“နိုင်ငံခြား​သား​ မ​ပေး​ဘူး​။ ဥပ​ဒေကြမ်း​မှာ ကျ​နော်တို့​ ​ရေး​ထား​တာ ရှိတယ်ဗျာ ​မြေယာကို ဂရမ်ချထား​ပေး​မယ့်​ လူ​တွေ​ပေါ့​။ အဲဒီ ​မြေယာကို ​ရောင်း​ဝယ်​ဖောက်ကား​ လုပ်ခွင့်​ရမယ့်​ လူ​တွေက ဘယ်သူ​တွေပါ ဆိုတာ ဥပ​ဒေမှာ ​ရေး​ထား​တယ်။ တဦး​တည်း​ပိုင် ဧရိယာကန့်​သတ်တာ အ​လျှော့​အတင်း​ လုပ်လို့​ ရတယ်ဗျာ။ ၅၀၀၀ များ​တယ်ဆိုရင် ၅၀၀ လုပ်​ပေါ့​ ဆိုလိုတာက ရတယ်။”

ကျ​နော်တို့​ဆီမှာက ပိုက်ဆံရှိတဲ့​လူ​တွေက ​ပေး​ပြီး​ နာမည်ခံခိုင်း​ပြီး​တော့​မှ အကုန်လုံး​ သူတို့​လက်ထဲ ​ရောက်သွား​မှာ​ပေါ့​။

“အဲဒါလည်း​ ခုနလို ဧရိယာ ကန့်​သတ်ဗျာ။ ​နောက်တခုက ​တောင်သူလယ်သမား​တွေရဲ့​ လက်ထဲမှာ လယ်​မြေ​သေး​သေး​လေး​တွေ ရှိ​နေရင် အဲဒီလူ​တွေရဲ့​ ဘဝကို နှစ်ရာလည်း​ ကျတယ်ဗျ။ ကျ​နော်တို့​ ​ရေး​တယ်ဗျာ။ အဲဒီမှာ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ ကျဉ်း​ကျပ်တယ်ဆိုတာ အဲဒီမှာ ဘယ်သူမှကို ​ကျောင်း​မ​ထောင်ဘူး​။ ​ကျောင်း​သွား​ထောင်လို့​ မရဘူး​။ လွှတ်​တော်ထဲမှာ ​မေး​သေး​တယ် ပြီး​ခဲ့​တဲ့​ အပတ်က။ ဘယ်ရွာက မူလတန်း​ကျောင်း​ကို အလယ်တန်း​ကျောင်း​ အဆင့်​ မြှင့်​ပေး​ဖို့​ကို။ သူက ​ကျောင်း​သား​ဦး​ရေ ဘယ်​လောက်ရှိရင် မြှင့်​ပေး​မယ် ​ပြောလိုက်တယ်။ ဘယ်​တော့​မှ ရှိမလာဘူး​။ ဘာဖြစ်လို့​ အဲဒီ ​ကျောင်း​သား​ဦး​ရေက ရှိမလာလဲဆို​တော့​ အဲဒီ​နေရာမှာ ရှိတဲ့​ ​တော​နေ ​တောင်​နေ ​နေပြီး​တော့​ အဲဒီ​နေရာကို လာတက်မယ့်​ လူက အဲဒီ​လောက်ပဲ ရှိတာ။ ဘယ်​တော့​မှ အလယ်တန်း​ ပညာမ​ရောက်ဘူး​ မူလတန်း​ပြီး​ရင် ​ကျောင်း​ကို ပြီး​သွား​ပြီ။”

မ​နေ့​တုန်း​က လွှတ်​တော် အစည်း​အ​ဝေး​မှာ စစ်ကိုင်း​တိုင်း​ဒေသကြီး​ မဲဆန္ဒနယ် အမှတ် (၉)ရဲ့​ ကိုယ်စား​လှယ် ဦး​သိန်း​ဝင်း​က ဥပ​ဒေ​ဟောင်း​ကို ဖျက်သိမ်း​ပြီး​၊​ လယ်ယာကဏ္ဍဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ ​တောင်သူလယ်သမား​တွေရဲ့​ လယ်ယာ​မြေ လုပ်ပိုင်ခွင့်​ မဆုံး​ရှုံး​စေ​ရေး​၊​ လုံခြုံမှု အပြည့်​အဝ ​ပေး​နိုင်​ရေး​၊​ သီး​နှံ​တွေကို ​ဈေး​နှိမ်မခံရ​ရေး​ဆိုတဲ့​ စတဲ့​ အချက်​တွေ ပါဝင်တဲ့​ ဥပ​ဒေသစ်နဲ့​ အစား​ထိုး​ဖို့​ အဆိုကို တင်သွား​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013