DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် မုန်တိုင်းကြောင့် ရေယာဉ်၊ သင်္ဘောများ ပြေးဆွဲမှုရပ်ဆိုင်း
DVB
·
May 20, 2016
ရခိုင်တွင် မုန်တိုင်းကြောင့် ရေယာဉ်၊ သင်္ဘောများ ပြေးဆွဲမှုရပ်ဆိုင်း
Donate to DVB

မုန်တိုင်းသတိပေးချက်ကြောင့် ဒီကနေ့ မနက်ပိုင်းက စတင်ပြီး ရခိုင်ပြည်နယ်အတွင်း အမြန်ရေယာဉ်တွေနဲ့ သင်္ဘောတွေ ပြေးဆွဲမှုကို ရက်အကန့်သတ်မရှိ ရပ်ဆိုင်းလိုက်ပါတယ်။

စစ်တွေ၊ ကျောက်ဖြူ၊၊ တောင်ကုတ်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့တွေကို ပြေးဆွဲနေတဲ့ ရွှေပြည်တန်၊ မလိခ အမြန်ရေယာဉ် တွေနဲ့ အောင်တံခွန်သင်္ဘောတွေကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။

စစ်တွေမြို့ မလိခဆိပ်ကမ်းတာဝန်ခံ ကိုခင်မောင်သိန်းက “မုန်တိုင်းအခြေအနေကြောင့် ကျနော်တို့ ရပ်ဆိုင်းလိုက်ပါတယ်။ ရက်အကန်အသတ်တော့ မထားဘူး။ လောလောဆယ်တော့ စိုးရိမ်းစရာတွေ ရှိလို့ ရပ်ထားတာ ဖြစ်ပါတယ်။ သက်မှတ်ထားတာက ၁ နာရီ မိုင် ၄၀ အထက် ကျော်သွားရင် ကျနော်တို့ရေယာဉ်တွေ မောင်းနှင်းခွင့် မရှိတော့ဘူး။ ပြန်လည်ထွက်ဖို့နေ့မှာပဲ ကျနော်တို့ ခရီးသည်တွေကို ကြိုတင် အသိပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရွှေပြည်တန် အမြန်ယာဉ်လက်မှတ်ဝယ်ထားတဲ့ ကိုဇံဝေက ''မနက်ဖြန် စစ်တွေသွားမလို့ လက်မှတ်ဝယ်ထားပြီးပြီလေ။ ခရီးနှောင်းနှေးသွားတာပေါ့။ ဒါပေမယ့် အခုလိုအန္တရာယ်ကြားက ရပ်နားလိုက်တာကောင်းပါတယ်။ ကျနော်အနေနဲ့ကတော့ သိပ်ထိခိုက်မှုတော့ မရှိပါဘူး။ ကျနော်တို့လည်း မြင်တွေ့နေရတာပဲ။ မုန်တိုင်းကတော့ စတိုက်နေပြီလေ။ မိုးတွေ စရွာနေပြီ” လို့ ပြောပါတယ်။

မုန်တိုင်းတိုက်မယ်လို့ ကြေညာချက်ကြောင့် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ၃ ရက်လောက်က မြို့ပတ်လှည့်လည်ကာ ပြည်သူလူထုကို အသိပေးဆော်သြော်ထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ (ROANU) ဟာ နောက် ၄၈ နာရီအတွင်း အားကောင်းလာတော့မှာဖြစ်လို့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြို့နယ်အားလုံးကို မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ညွှန်ကြားထားပါတယ်။
သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013