DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ မြစ်သာမြစ်ရေတက်၊ အင်းဒင်ရွာ ယာယီတံတားရေမြော
DVB
·
May 20, 2016
ကလေးမြို့ မြစ်သာမြစ်ရေတက်၊ အင်းဒင်ရွာ ယာယီတံတားရေမြော
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နတ်နန်ရွာနဲ့ သမိုင်းဝင်ထန်ဘုရားရှိရာ အင်းဒင်ရွာ မြစ်ကူး ယာယီတံတား မေလ ၂၀ ရက် မနက် ၅ နာရီခွဲလောက် မြစ်သာမြစ်ရေ တက်တဲ့အတွက် ပျက်စီးခဲ့ပါတယ်။

အင်းဒင်တံတားအရှည်ဟာ ပေ ၂၀၀ ကျော် ရှည်လျားပြီး ဒေသခံတွေ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားကာ နွေရာသီလို မိုးနည်းရေနည်းကာလတွေမှာပဲ အသုံးပြုနေတဲ့ တံတား ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအခက်အခဲကို အင်းဒင်ရွာဆရာတော်က “မြစ်ကူးတံတားက ယာယီတံတားပါ။ တံတား သုံးပုံ တစ်ပုံလောက် ပါသွားတယ်။ လက်ရှိတော့ စက်လှေနဲ့ ကူးတို့ လုပ်နေရပါပြီ။ လူ ၂၀၀ စက်ဘီး ၃၀၀ ဆိုင်ကယ် ၅၀၀ ပေးနေရပါတယ်”လို့ ပြောပါတယ်။

နတ်နန်းအင်းအင် ယာယီတံတားကိုတော့ ပြီးခဲ့တဲ့ ဆောင်းအကုန်က ဒေသခံတွေ အင်အားနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁ နှစ်မှာ ၄ လလောက်သာ အသုံးပြုခွင့်ရတဲ့တံတားဖြစ်တယ်လို့ သိရပါတယ်။

မိုးတွင်းမှာတော့ မြစ်ရေတိုက်ဖျက်တဲ့အတွက် နှစ်စဉ်ပျက်စီးနေရပြီး အဆိုပါ တံတားကနေ ကလေးမြစ်သာ အရှေ့ခြမ်း ကျေးရွာတွေကို သွားလာနိုင်တဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။
(သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013