DVB Logo
Home
မြန်မာသတင်း
ပညာမသင်ကြားနိုင်သည့် ကလေးအရေအတွက် စစ်တမ်းကောက်
DVB
·
May 20, 2016
ပညာမသင်ကြားနိုင်သည့် ကလေးအရေအတွက် စစ်တမ်းကောက်
Donate to DVB

လှိုင်သာယာမြို့နယ်အတွင်းက ပညာမသင်ကြားနိုင်တဲ့ ကလေးအရေအတွက် စစ်တမ်းကို လူရည်ချွန်အဖွဲ့က ကောက်ယူနေပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းနေအရွယ်ကလေး စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ပညာသင်ကြားဖို့ အခက်အခဲ ကြုံနေရတာပါ။

မိဘမရှိတာ၊ မိဘတွေက ငွေကြေးလုံလောက်အောင် မရှာဖွေနိုင်တာ၊ ကလေးလုပ်သား များပြားနေတာတွေဟာ လှိုင်သာယာမြို့နယ်ထဲက ကျောင်းနေအရွယ် ကလေးအများစု ကျောင်းမတက်နိုင်တဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်နေပါတယ်။

“တမြို့နယ်လုံးက ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းကို အန်တီတို့က ဖိတ်ခေါ်ထားပါတယ်။ ဖိတ်ခေါ်ပြီးတော့ သူတို့တွေကို စစ်တမ်းကောက်ယူနေပါတယ်။ အကြောင်းမျိုးစုံကြောင့်ပေါ့။ သူတို့ရဲ့ အခက်အခဲတွေ ဘာတွေရှိနေလဲ၊ အခက်အခဲတွေကို ကိုယ့်အဖွဲ့က ဘာတွေ ဖြေရှင်းပေးနိုင်မလဲ၊ သူတို့ကျောင်းနေဖို့ ပညာသင်ကြားဖို့အတွက်ပဲ အန်တီိတို့က အဓိကရည်ရွယ်တယ်”  လို့ ၁၉၄၆-၈၈ လူရည်ချွန်အဖွဲ့ဝင် ဒေါ်ညွန့်တင်ဝင်းက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၀ နဲ့ ကျေးရွာပေါင်း ၁၁ ရွာက ကျောင်းမနေနိုင်တဲ့ ကလေးတွေနဲ့ မိဘတွေကို အထက ၈ လှိုင်သာယာမှာ မေလ ၁၄ ရက်နေ့က စုဝေးပြီး စစ်တမ်းကောက်ယူခဲ့တာပါ။

၁၉၄၆-၈၈ လူရည်ချွန်အဖွဲ့အကြံပေး ဒေါက်တာဖေသက်ခင်က “ကျနော်တို့ရဲ့ အိုင်ဒီယာလေးတွေ၊ concept တွေကို သင်ပြပေးဖို့ ကျနော်တို့က အစိုးရဌာနများနဲ့ရော၊ လူမှုရေး အသင်းအဖွဲ့များနဲ့ရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်းဆောင်ရွက်သွားမယ်။ ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ တဖွဲ့တည်းနဲ့ တနိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံဖို့တော့ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

ကျောင်းသားမိဘတွေကတော့ လာမယ့်ပညာသင်နှစ်မှာ သူတို့ကလေးတွေ ကျောင်းထားနိုင်ရေးအတွက် မျှော်လင့်နေကြပြီး ပညာသင်ခွင့်ရနိုင်မယ့် စစ်တမ်းမှာ ပါဝင်ခွင့်ရဖို့ ကြိုးစားနေကြပါတယ်။

“ပညာရေးနဲ့ပတ်သက်ပြီး သူ့ကို ကျောင်းလည်းထားချင်တာပေါ့။ ပြီးတော့ သူက မိဘလည်း မရှိဘူး” လို့ ကလေးအုပ်ထိန်းသူတဦးက ပြောပါတယ်။

လူရည်ချွန်အဖွဲ့ကတော့ စစ်တမ်းကောက်ယူပြီးရင် ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ပေးနိုင်ရေးအတွက် နေ့ကျောင်းအပြင် ညကျောင်းပါ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပါတယ်။

လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်မြို့နယ်တွေထဲမှာ အခြေခံလူတန်းစား အများဆုံးနေထိုင်သလို ဧရာဝတီတိုင်းဘက်ကနေ ရွှေ့ပြောင်းလုပ်ကိုင်သူတွေ အများဆုံးနေထိုင်တဲ့ မြို့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013