DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးငယ် ၃ ဦးအား တရုတ်အမျိုးသားနှင့်လက်ထပ်ရန် လူကုန်ကူးရောင်းစားသူများကို ဖမ်းဆီး
DVB
·
May 20, 2016
အမျိုးသမီးငယ် ၃ ဦးအား တရုတ်အမျိုးသားနှင့်လက်ထပ်ရန် လူကုန်ကူးရောင်းစားသူများကို ဖမ်းဆီး
1 / 5
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမှာ လူကုန်သူအမျိုးသမီး ၄ ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်စု (စစ်တွေ) မှ ရဲမှူး ကျော်ညွန့် ဦးစီးအဖွဲ့က သူတို့ရဲ့ နေအိမ်အသီးသီးကနေ မေ ၁၈ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လူကုန်ကူးခံရသူ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာမှ မနှင်းစန္ဒာဖြိုး (အသက် ၂၁ နှစ်)၊ မလကျွန်းကျေးရွာမှ မသူဇာခင် (အသက် ၁၇ နှစ်) နဲ့ မဖြူဖြူခင် (အသက် ၂၀ နှစ်) တို့  တရုတ်နိုင်ငံ၊ ရွှေလီမြို့ကနေ ထွက်ပြေးလွတ်မြောက်လာပြီး တိုင်ကြားရာမှ လူကုန်ကူးသူတွေကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးအားလုံးဟာ ကျောက်ဖြူမြို့နယ်ကဖြစ်ပြီး ဆားပြင်ကွင်းရွာမှ ဒေါ်မြသန်း အသက် ၄၀ နှစ်၊ ငလပွေ့ကျေးရွာမှ ဒေါ်စံစံ အသက် ၄၄ နှစ်၊ ကညင်တောရွာမှ ဒေါ်မရွှေလှ အသက် ၃၉ နှစ်နဲ့ အရာရှိရပ်ကွက်မှ ဒေါ်နွယ်နွယ် အသက် ၄၂ နှစ်တို့ဖြစ်ပါတယ်။

လူကုန်ကူးသူတွေက သူတို့ကို တရုတ်နိုင်ငံရှိစက်ရုံမှာ အလုပ်သွင်းပေးမယ်လို့ ပြောဆိုစည်းရုံးတာကြောင့် တရုတ်နိုင်ငံကို ဧပြီလကတည်းလိုက်ပါသွားကြောင်း၊ တရုတ်နိုင်ငံ ရောက်ရှိပြီးနောက် တရုတ်အမျိုးသားနဲ့ လက်ထပ်ရမှာကိုသိရှိလို့ ထွက်ပြေးလာကြောင်း လူကုန်ကူးခံရသူအမျိုးသမီးတွေက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ မနှင်းစန္ဒာဖြိုးက “တရုတ်နိုင်ငံမှာ ဘောင်းဘီနဲ့ဖိနပ်စက်ရုံမှာ အလုပ်သွင်းပေးမယ်။ တလ မြန်မာငွေ ကျပ် ၁ သိန်းလောက်ရရှိမယ်လို့ ဒေါ်စံစံက ပြောလို့ တကယ်ထင်ပြီး လိုက်သွားတာပါ” လို့ ပြောပါတယ်။

အပျိုဆိုရင် မြန်မာကျပ်ငွေသိန်း ၅၀ ရမယ်၊ အိမ်ထောင်ကျဖူးတယ်ဆိုရင် မြန်မာကျပ်ငွေ ၃၅ သိန်း ရမယ်ဆိုပြီးတော့ ပွဲစားချင်း ပြောစကားကိုကြားမှ ရောင်းစားလိုက်ပြီးဆိုတာကိုသိရလို့ ညတွင်းချင်း သုံးဦးစလုံး တည်းခိုခန်းကနေ ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့နေ၊ မြန်မာနိုင်ငံသား ဦးမိုးဝေ ဆိုသူက အကူအညီပေးလို့ မူဆယ်မြို့ကို ရောက်ရှိလာကြောင်း၊ ကားသမားတွေထံအကူအညီတောင်းပြီး မူဆယ်မှ မန္တလေး၊ မန္တလေးမှ စစ်တွေကို လိုက်ပါခဲ့ကြတာလို့ မနှင်းစန္ဒာဖြိုးက ပြောပါတယ်။

စစ်တွေမြို့ကိုအရောက်မှာ သူတို့သုံးဦးကို စစ်တွေလူကုန်တားအဖွဲ့မှ ခေါ်ဆောင် စစ်ဆေးခဲ့ပြီးနောက် ကျောက်ဖြူမြို့ကို ပြန်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို မနှင်းစန္ဒာဖြိုးက တရားလိုလုပ်တိုင်တန်းပြီး ကျောက်ဖြူမြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပေဒ ပုဒ်မ  ၂၄ အရ အရအရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူ အမျိုးသမီးသုံးဦးကို မေ ၁၉ ရက် နေ့လယ်က ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမမှာ မိဘများတွေထဲ ပြန်လည်အပ်နှံခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ -  Tun Tunnaing Ksng

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013