DVB Logo
Home
မြန်မာသတင်း
ချင်း၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ရှိဟု မိုးဇလသတိပေး
DVB
·
May 20, 2016
ချင်း၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ရှိဟု မိုးဇလသတိပေး
Donate to DVB

ဆိုင်ကလုန်းမုန်တိုင်း ရွန်နူရဲ့ အ၀န်းအ၀ိုင်းထဲကို ပြည်နယ်တိုင်း ၄ ခု သက်ရောက်မှု အန္တရာယ်ခံစားရနိုင်တဲ့အတွက် မုန်တိုင်းကို လိမော်ရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မိုးလေ၀သဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ မုန်တိုင်းအ၀န်းအ၀ိုင်းထဲ ရောက်ရှိပြီး မုန်တိုင်းအန္တရာယ် ရှိနေတာလို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

မိုးလေ၀သဌာနရဲ့ မနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်မှာ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာပြည်ကို ဦးမတည်ဘဲ အ၀ါရောင်အဆင့်သာ ရှိတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ၃ ရက်ခန့်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းကမ်း‌ခြေဒေသကို ကော့ဘဇားမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး အဲ့ဒီလို ဖြတ်ကျော်နေချိန်မှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀)မှ မိုင်(၈၀)ခန့်အထိနှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးကြီးပြီး လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေ သို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောနှင့် စစ်တွေခရိုင် ကမ်းခြေဒေသများတွင် (၁၀)ပေမှ (၁၂)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင် ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်တယ်လို့ မိုးဇလ သတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျခြင်း မိုးကြီးခြင်းတို့ ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ မြေပြိုမှုတွေဖြစ်ပွားနိုင်လို့သတိပြုနေထိုင်ကြဖို့လည်း မိုးဇလသ သတိပေးဖော်ပြပါတယ်။

လေယာဉ်နဲ့ သင်္ဘောတွေလည်း မုန်တိုင်းအန္တရာယ်ကို သတိပြု ခုတ်မောင်းပျံသန်းကြဖို့လည်း နှိုးဆော်အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013