DVB Logo
Home
မြန်မာသတင်း
“ရွန်နူ” ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီ၊ လေယာဉ် ရေယာဉ်များကို သတိပေးချက်ထုတ်ပြန်
DVB
·
May 19, 2016
“ရွန်နူ” ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီ၊ လေယာဉ် ရေယာဉ်များကို သတိပေးချက်ထုတ်ပြန်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိသွားပြီလို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့ မနက် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU)အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး၊ မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိဘူးလို့ မိုးဇလသတင်းကဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မနက်ဖြန် မေ ၂၀ ကနေ ၂၂ ရက်ထိ တပြည်လုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ  ဒေသအလိုက်၊ ကျန် တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးမယ်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ  မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေဟာ တစ်နာရီ မိုင် ၅၀ မှ  ၆၀ အထိ တိုက်ခတ်နိုင်ပါတယ်။

“ရွန်နူ”  ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တယ်။ ကုန်းမြင့်ဒေသ အနီးမှာ နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှု များ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြရန် သတိပေးထားပါတယ်။

ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ သတိနဲ့ ခုတ်မောင်းသွားလာကြဖို့လည်း မိုးဇလက သတိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013