DVB Logo
Home
မြန်မာသတင်း
စခန်းက ဖယ်ရှားပေးရမည့် စစ်ဘေးရှောင်များ နေစရာအခက်ကြုံ
DVB
·
May 19, 2016
စခန်းက ဖယ်ရှားပေးရမည့် စစ်ဘေးရှောင်များ နေစရာအခက်ကြုံ
1 / 7
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတောင်အလက(ခွဲ)ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ စေတောင်စစ်ဘေးရှောင်စခန်းမှာ မေလ ၂၅ ရက်နေ့ကစတင်ကာ ကျောင်းအပ်လက်ခံတော့မှာ ဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေ ဖယ်ရှားပေးရမှာဖြစ်ပြီး အစားထိုးနေရာ မစီစဉ်ပေးတာကြောင့် အခက်အခဲဖြစ်နေကြပါတယ်။

နတ်အိုင်ရွာက စစ်ဘေးရှောင်လာသူ ဦးမောင်ကျော်ဇံက “ကျနော်တို့ ကျောင်းမဖွင့်ခင် နေရာဖယ်ပေးရမှာသိပါတယ်။ ကိုယ့်နေရာမှာပြန်နေလို့ ရတယ်ဆိုလို့ နတ်အိုင်ကို သွားခဲ့ပါတယ်။ ဒါပေမယ့် ရွာမှာ စစ်တပ်ကနေရာယူထားပြီးမလာနဲ့ဦး၊ မနက်ဖြန်လာရဲလာကြည့် ပစ်သတ်လိုက်မယ်လို့ ပြောပါတယ်။ ဒါဆို နေစရာတော်တော် အခက်အခဲ ဖြစ်နေပြီ။ ဒီရွာက ဆွေမျိုးတွေကိုပဲ အကူအညီတောင်းထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စေတောင်စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူ ၄၂၂ ဦးရှိပြီး အဲ့ဒီအထဲမှာ အသက် ၅ နှစ်အောက် ကလေးသူငယ် ၈၆ ဦးနဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်းသား ၆၇ ဦးရှိပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013