DVB Logo
Home
Lead Story
ကိုယ်လုံးတီးဖြင့် သားငှက်တိရစ္ဆာန်ပုံတူ ဆေးခြယ်သရုပ်ပြသည့် ဂျာမန်အမျိုးသမီး (ဓာတ်ပုံ)
DVB
·
May 19, 2016
ကိုယ်လုံးတီးဖြင့် သားငှက်တိရစ္ဆာန်ပုံတူ ဆေးခြယ်သရုပ်ပြသည့် ဂျာမန်အမျိုးသမီး (ဓာတ်ပုံ)
1 / 11
Donate to DVB

ဒီဓာတ်ပုံတွေကို ပထမအကြိမ်အဖြစ် သင်မြင်ရတဲ့အချိန်မှာ ဒါတွေဟာ ပန်းချီကားတွေလို့ ထင်ကောင်းထင်သွားနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ဒီပုံတွေကို နီးနီးကပ်ကပ်ကြည့်လိုက်မယ်ဆိုရင်တော့ ဒါဟာ လူသား ခန္ဒာကိုယ်ပေါ်မှာ ပုံစံမျိုးစုံနဲ့ သားငှက်တိရစ္ဆာန်ပုံစံတူအဖြစ် ပြောင်းလဲထားတဲ့ အနုပညာကို တွေ့ရမှာပါ။

အသက် ၂၉ နှစ်အရွယ် ဂျာမန်အမျိုးသမီးအနုပညာရှင် ဂျက်ဆင်း မာဝီဒဲလ်က လူ့ခန္ဒာကိုယ်ပေါ်မှာ ဆေးခြယ်ကာ “ကမ်းခြေပေါ်မှ လိပ်ကလေး”၊ “သစ်ပင်ပေါ်မှ သြစ တေးလျဝက်ဝံ”၊ “အိပ်ပျော်နေတဲ့ ပန်ဒါနီ”စတဲ့ သားငှက်တိရစ္ဆာန်ပုံစံတူပြကွက်တွေကို ဖန်တီးပြခဲ့တာပါ။

ဒီအနုပညာပြကွက်တွေအတွက် သူဟာ အချိန် ၄ နာရီကနေ ၁၂ နာရီကျော်ထိ အချိန်ပေးဖန်တီးခဲ့ရတာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

သူက “ကျမ ခုလိုဖန်တီးဖို့အတွက် အရာအားလုံးဆီကနေ အာရုံဝင်စားမှုတွေ ရခဲ့တာပါ။ အရောင်တွေ၊ ဓာတ်ပုံတွေ၊ သဘာဝတရားစသဖြင့်ပေါ့။ တခါတလေတော့ ကျမ အိပ်မက်တွေဆီကလည်း ရတယ်လေ” လို့ ပြောပါတယ်။

“များသောအားဖြင့်တော့ ကျမစိတ်ထဲမှာရှိတဲ့ ပန်းချီဆွဲချင်တဲ့ တိရစ္ဆာန်ပုံစံတူတွေ ကို လွတ်လွတ်လပ်လပ်ဖန်တီးရတာကို သဘောကျပါတယ်။ ဒါပေမယ့် ကျမ ဘယ် တုန်းကမှ ပုံကြမ်းမဆွဲခဲ့ပါဘူး”

“ကျမ လူတွေရဲ့ ခန္ဒာကိုယ်ပေါ်မှာ ပန်းချီဆွဲရတာ သဘောကျတယ်ရှင့်။ ဘာလို့ လဲဆိုတော့ ဒါက သူတို့ကို ပျော်ရွှင်မှုပေးတယ်လေ။ ဒီရလဒ်အပေါ် သူတို့ရဲ့တုံ့ပြန်မှုကို ကျမ နှစ်သက်ပါတယ်။”

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013