DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာသန်း ၂၀၀ ချေးယူမည့်ကိစ္စ လွှတ်တော်အတည်ပြု
DVB
·
May 18, 2016
ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာသန်း ၂၀၀ ချေးယူမည့်ကိစ္စ လွှတ်တော်အတည်ပြု
Donate to DVB

ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူမယ့်ကိစ္စကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု လိုက်ပါတယ်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ခဲ့တဲ့ ဆောက်လုပ်ရေး၊စိုက်ပျိုးမွေးမြူရေးနဲ့ ဘဏ္ဍာရေးဌာနတို့ အတွက်သုံးဖို့ ကမ္ဘာ့ဘဏ်က ချေးမယ့် ဒေါ်လာသန်း ၂၀၀ ကိစ္စကို ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးခဲ့တဲ့ထဲ ပါဝင်တဲ့ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက သူ့အနေနဲ့ ဒေါ်လာနှုန်းထားကိစ္စ ဖြည့်စွက်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ငွေလဲနှုန်းက ၁၂၀၀ ကျပ်နဲ့ တွက်ထားတယ်။ အခု လက်ရှိမှာ မြန်မာငွေဈေးက နည်းနည်း တက်လာတဲ့အခါကျတော့ ကိန်းဂဏန်း အပြောင်းအလဲတွေ ရှိလာနိုင်တယ်ပေါ့။ အဲ့ဒီလို ရှိလာ နိုင်တဲ့အပိုင်းကို ကျနော် ဖြည့်စွက်ဆွေးနွေးတာပါ။ ဒီလို ဖြစ်လာနိုင်တဲ့အတွက် ငွေလဲနှုန်းကိစ္စကို ဘယ်လို စီစဉ်ဆောင်ရွက်ထားသလဲ။ ဒီ ငွေလဲနှုန်းကြောင့် ကျနော်တွက်ပြတဲ့အထဲမှာတော့ ကျပ် ၄.၇ ဘီလီယံလောက် ငွေဟသွားနိုင်တယ်။ ဒီအပိုင်းကို ၀န်ကြီးဌာနတွေအနေနဲ့ ကြိုတင်ပြင်ဆင် ထားကြဖို့ ဆွေးနွေးတာပါ။”

ကမ္ဘာ့ဘဏ်မှ ချေးယူမယ့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကို ဆောက်လုပ်ရေးဌာန လမ်းတံတားတွေ ဖောက်လုပ်ဖို့ ၁၁၅ သန်းနဲ့ အများဆုံး အသုံးပြုမှာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး အတွက် ဒေါ်လာသန်း ၇၀၊ ဘဏ္ဍာရေးဌာနအတွက် ၁၅ သန်းအသီးသီး အသုံးပြုမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013