DVB Logo
Home
မြန်မာသတင်း
ဧ၀ရတ်တောင်နောက်ဆုံးစခန်းကို မြန်မာတောင်တက်သမားများ ရောက်ရှိ
DVB
·
May 18, 2016
ဧ၀ရတ်တောင်နောက်ဆုံးစခန်းကို မြန်မာတောင်တက်သမားများ ရောက်ရှိ
Donate to DVB

ဧ၀ရတ်တောင်တက်ရောက်နေတဲ့ မြန်မာတောင်တက်အဖွဲ့ဝင် ၂ ဦး မီတာ ၈၀၀၀ ရှိတဲ့ နောက်ဆုံး စခန်း ၄ ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။

ဒေသစံတော်ချိန် မနက် ၆ နာရီမှာ မြန်မာတောင်တက်အဖွဲ့ဝင် ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ စခန်း ၃ ကနေ ထွက်ခွာလာတာ ဖြစ်ပါတယ်။

မီတာ ၈,၀၀၀ မြင့်သော South Col/စခန်း ၄ ကို ၁၂ နာရီ ၁၅ မှာ ကိုပြည့်ဖြိုးအောင်က ရောက်ရှိလာသလို ကိုဝင်းကိုကိုက နေ့လည် ၂ နာရီ ၃၀ မိနစ်မှာ ရောက်ရှိသွားတယ်လို့ ထူးဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

စခန်း ၄ ဟာ South Col ဆိုသည်မှာ ဧ၀ရတ်တောင်နဲ့ ကမ္ဘာ့ စတုတ္ထအမြင့်ဆုံးတောင် Lhotse တို့အကြားက နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ရာသီ ဥတု၊အပူချိန်နဲ့ လေတိုက်နှုန်းတွေက ကောင်းမွန်နေသလို မြန်မာတောင်တက်သမားတွေက ဒီနေ့ညမှာ တောင်ထိပ်သို့ တက်ရောက်နိုင်ဖွယ်ရှိ တယ်လို့လည်း ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013