DVB Logo
Home
မြန်မာသတင်း
မဲဆောက်အကျဉ်းထောင်တွင် မြန်မာအကျဉ်းသားတဦး ဆွဲကြိုးချသေဆုံး
DVB
·
May 18, 2016
မဲဆောက်အကျဉ်းထောင်တွင် မြန်မာအကျဉ်းသားတဦး ဆွဲကြိုးချသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အကျဉ်းထောင်မှာ မြန်မာအကျဉ်းသားတဦး ဆွဲကြိုးချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။

အသက် ၃၁ နှစ်ရွယ်ရှိ ဂျော်မီဆိုသူ မြန်မာနိုင်ငံသားဟာ ထောင်ကျခံနေရစဉ် မေလ ၁၆ ရက်နေ့က သူဝတ်ထားတဲ့ အင်္ကျီကို ဆွဲဖြဲပြီး မိမိကိုယ်ကိုဆွဲကြိုးချအဆုံးစီရင်သွားတာလို့ မဲဆောက်မြို့နယ်ရဲ စခန်းမှ စခန်းမှူး ချန့်စိန့် အဆမ်းဒိုင်းတေချက သတင်းထောက်တွေကို ပြောပါ တယ်။

သူဟာ လူသတ်ရန်ကြံရွယ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ၅ လ ပြစ်ဒဏ်ချခံထားရကာ မဲဆောက်ေ ထာင်ကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင်ရောက်ရှိခဲ့ကြောင်း၊ ထောင်ထဲမှာ ရှိနေစဉ် ၂၀၁၆ မေလ ၁၄ ရက်ညက အကျဉ်းခန်းတွေ လိုက်စစ်နေတဲ့ နိုင်းမွန်းခွန်းချိုင်းဆိုသူ ထောင်ဝါဒါတဦးကို ဂျော်မီက တုတ်နဲ့ချောင်းရိုက်ပြီး ထောင်ဖောက်ထွက် ပြေးခဲ့ကြောင်း၊ အဆိုပါ ထောင်ဝန်ထမ်းမှာ အရိုက်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးသွားကာ တာဝန်ရှိသူတွေက သူ့ကို နောက်ထပ် လူသတ်မှုနဲ့ တရားစွဲဖို့ပြင်ဆင်စဉ် ခုလို သူ့ကိုယ်သူ အဆုံးစီရင်သွားတာဖြစ်တယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013