DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်းကို ဖြိုခွင်းဖမ်းဆီး (ရုပ်သံ)
DVB
·
May 18, 2016
စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်းကို ဖြိုခွင်းဖမ်းဆီး (ရုပ်သံ)
1 / 2
Donate to DVB

အလုပ်သမားအခွင့်အရေး ရရှိဖို့ နေပြည်တော်အထိ လှမ်းလျှောက်တဲ့ စစ်ကိုင်း အလုပ်သမား သပိတ်စစ်ကြောင်းဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က နေပြည်တော်အ၀င် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့တားဆီးခံရပြီးနောက် နေခင်း ၁ နာရီခွဲမှာ ဖြိုခွင်းဖမ်းဆီးလိုက်ပါတယ်။

တားမြစ်ထားတဲ့နေရာကို ကျော်လွန်ချီတက်လာတဲ့အတွက် ဆန္ဒပြ အလုပ်သမားတချို့ကို ရဲတပ်ဖွဲ့က ဖြိုခွင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
နေ့လယ် ၁၁ နာရီခွဲက မြို့တော်ဝန် လာမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုတဲ့အတွက် အလုပ်သမားတွေဟာလမ်းဘေးက ထိုင်စောင့်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီလို သဘောတူခဲ့အတွက် လမ်းကို ဖွင့်ပေးတဲ့အချိန်မှာ သပိတ်စစ်ကြောင်းနဲ့ လိုက်ပါလာတဲ့ ဗကသကျောင်းသားတချို့ဟာ တားမြစ်ထားတဲ့ နေရာကို ကျော်ပြီးသွားတဲ့အတွက် သက်ဆိုင်သူတွေက တားမြစ်ခဲ့ပြီး လမ်းကိုလည်း ပြန်ပိတ်ခဲ့ပါသေးတယ်။

အဲ့ဒီ့နောက်မှာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အလုပ်သမားခေါင်းဆောင် ငါးယောက်နဲ့ တပ်ကုန်းမြို့တွင် တွေ့ဆုံမယ်လို့ ဖိတ်ကြားတဲ့အကြောင်း နေ့လည် ၁ နာရီမှာ ဥတ္တရသီရိအုပ်ချုပ်ရေးမှူးက လာရောက်အကြောင်းကြားခဲ့ပါတယ်။
ဒါပေမယ့် အလုပ်သမားဘက်က လက်မခံဘဲ အတင်းတိုးဝင်နေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက တားဆီးနေသလို ဥပဒေ ၁၂၇ အရ အရေးယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဗကသအဖွဲ့ဝင်တွေနဲ့ အလုပ်သမားဆန္ဒပြသူတွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ MVPPL သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ သူတို့ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ပြေလည်အာင် ဖြေရှင်းမပေးလို့ ဧပြီ ၂၉ ရက် မနက်ကစပြီး စစ်ကိုင်းကနေ နေပြည်တော်ထိ ခရီးရှည် လမ်းလျှောက် သပိတ်မှောက် ဆန္ဒပြနေကြ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013