DVB Logo
Home
မြန်မာသတင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရက် ၁၀၀ စီမံချက်ထုတ်ပြန်
DVB
·
May 18, 2016
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရက် ၁၀၀ စီမံချက်ထုတ်ပြန်
Donate to DVB

ခေတ်ကာလနဲမကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်း၊ နည်းစနစ်တွေကို ရက်ပေါင်း ၁၀၀ အတွင်း ဦးစွာပြင်ဆင် ဖြည့်စွက်ဆောင်ရွက်မယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဒီနေ့ ကြေညာပါတယ်။

ကာဗွန်စုပ်ယူမှု ကောင်းတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် အကျိုးကျေးဇူးကြီးမားတဲ့ ဒီရေတောထိန်းသိမ်းမယ်၊ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေ စိမ်းလန်းစိုပြည်စေရေး ဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။

အမြဲတမ်းသစ်တောနယ်မြေတွေ တိုးချဲ့ဖွဲ့စည်းခြင်း၊ သုတေသန လုပ်ငန်းများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ်လို့ဆိုပါတယ်။

ဇီဝမျိုးစုံမျိုးကွဲ၊ ဒီရေတော၊ ကမ်းရိုးတန်းဂေဟစနစ်များ ရေရှည်တည်တံ့စေရန်နဲ့ အခွန်ဘဏ္ဍာ ဝင်ငွေ ပိုမိုရရှိစေဖို့ လက်ရှိကျင့်သုံးနေတဲ့ အခွန်စနစ်တွေ ပြင်ဆင်ကောက်ခံရန် သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးစေရန်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်အတွက် ပတ်ဝန်းကျင် ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီအကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

လုံးခင်း၊ ဖားကန့်ရတနာမြေမှာ စွန့်ပစ်မြေစာပုံတွေမှာ စနစ်တကျပုံစေဖို့ ကြီးကြပ်ဆောင်ရွက် နေကြောင်းနဲ့ တရားမ၀င် သတ္တုတူးဖော်ခြင်းနဲ့ သယ်ဆောင်ရောင်းဝယ်ခြင်းတွေကိုလည်း စစ်ဆေးကြပ်မပ်မယ်လို့ ဆိုပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်ကနေ ၂၀၂၅-၂၀၂၆ခုနှစ် အထိကာလတွင်း ခရိုင် ၆၈ ခရိုင်အတွက် ရေးဆွဲပြဌာန်း ပြီးရက်ပေါင်း ၁၀၀ အတွင်းတစ်ခရိုင်ချင်းစီတွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ သတ္တုကဏ္ဍတိုးတက်ရေးအတွက် ဖင်လန်၊ တောင်ကိုရီးယား ဂျပန်စတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းပြီး သုတေသန၊ မှတ်တမ်းအချက်အလက်ပြုစုခြင်းနဲ့ လေ့လာရေး လုပ်ငန်းတွေ လုပ်သွားမယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013