DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်းရှိ တံတားအားလုံး ၂၄ နာရီဖွင့်လှစ်ပြီ
DVB
·
May 18, 2016
ကရင်ပြည်နယ်အတွင်းရှိ  တံတားအားလုံး ၂၄ နာရီဖွင့်လှစ်ပြီ
1 / 2
Donate to DVB

ကရင်ပြည်နယ်အတွင်း သွားလာမှုလွယ်ကူစေဖို့နဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေဖို့ ရည်ရွယ်ပြီး ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ တံတားအားလုံး မေလ ၁၈ ရက်နေ့ကစပြီး ၂၄ နာရီဖွင့်လှစ်ဖို့ ပြည်နယ်အစိုးရရုံးက ညွှန်ကြားလိုက်ပါတယ်။

မနေ့ မေလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားတာလို့ ကရင်ပြည်နယ်အစိုးရရုံး အဖွဲ့ဝင်တဦးက ပြောပါတယ်။

“အဲဒါကတော့ ရဲတွေဘာတွေ မေးကြည့်တာပိုကောင်းတယ်။ ဒီကနေပြီးတော့ ညွှန်ကြားစာ ထုတ်ထားတယ်။ သူတို့ကတော့ ဘယ်လိုပေးမလဲဆိုတာတော့ သူတို့ဘာသူတို့ လုံခြုံရေး အစည်းအဝေး လုပ်နေပါတယ်။ ”

ကရင်ပြည်နယ်အတွင်းမှာ ထိုင်း-မြန်မာ(မြ၀တီ) ချစ်ကြည်ရေးတံတားက လွဲရင်  ပြည်နယ်အတွင်းမှာရှိတဲ့ တံတားအားလုံး ၂၄ နာရီ ဖွင့်လွင့်သွားဖို့  အစိုးရအဖွဲ့က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

တံတားတွေကို ၂၄ နာရီဖွင့်ဖို့လည်း  လူထုအားလုံးလိုလားကြတယ်လို့ ဘားအံမြို့ခံ ဦးကျော်မင်းစိန်က ပြောပါတယ်။

“အားလုံးကတော့ ဘာမှအနှောင့်အယှက်မရှိတဲ့အတွက်  ၂၄ နာရီကတော့ ဖွင့်သင့်တာပေါ့။ ခရီးသွားလာရေးလည်း ပိုပြီးဆင်ပြေတယ်လေ။ အားလုံးလိုလားကြတယ်။”

တံတားကို ၂၄ နာရီဖွင့်ရင် သွားလာမှုတွေတွေ လွယ်ကူပြီး ကုန်စည်စီးဆင်မှုမြန်ဆန်လာတာကို ကြိုဆိုကြပေမယ့်  တချို့လူတွေက တားတွေဖွင့်တဲ့အတွက် တရားမ၀င်ပစ္စည်းတွေ၊ လူကုန်ကူးမှု တွေများပြား လာမုာ ကိုလည်း စိုးရမ်မှုတွေ ရှိနေပါတယ်။

ကရင်ပြည်နယ်မှာရှိတဲ့ သံလွင်တံတား၊ ဇာသပြင်တံတားနဲ့ ဂျိုင်းတံတားနဲ့ ဒုံသမိတံတားတွေဟာ အရင်  ည ၁၀ နာရီကနေ မနက် ၃ နာရီအထိ ဖြတ်သန့်ခွင့် ပိတ်ထားပြီး ဒီနေ့ညကစပြီး ၂၄ နာရီသွားလာခွင့်ပြုမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013