DVB Logo
Home
မြန်မာသတင်း
ဆယ်ကျော်သက်လူငယ်များညီလာခံ နေပြည်တော်တွင် ကျင်းပ
DVB
·
May 18, 2016
ဆယ်ကျော်သက်လူငယ်များညီလာခံ နေပြည်တော်တွင် ကျင်းပ
1 / 4
Donate to DVB

ဆယ်ကျော်သက်လူငယ်များညီလာခံကို မေလ ၁၈ ရက်နေ့က မနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး လူငယ်အများအပြား တက်ရောက်ခဲ့ပါတယ်။

ဆယ်ကျော်သက်လူငယ်များညီလာခံမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က “ဆယ်ကျော်သက် အရွယ် လူငယ်တွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ အသက်အရွယ်အပိုင်းအခြားနဲ့ တွက်မယ်ဆိုရင် အများစုဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် နိုင်ငံတော်ကို ခေါင်းဆောင်မယ့် ဆယ်ကျော်သက် လူငယ်များရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ဖန်တီးကြိုးစား သွားကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်”လို့ ပြောဆိုခဲ့ပါတယ်။

“ဆယ်ကျော်သက်လူငယ်များအနေနဲ့ လူဘောင်အဖွဲ့အစည်းရဲ့ အကျိုးပြုသူများဖြစ်လာနိုင်ရေး၊ ထင်မြင်ယူဆချက်များ ပေါ်ထွက်လာနိုင်ရေး၊ အချင်းချင်းပိုမိုပူးပေါင်းဆောင်ရွက်မှုနဲ့ ပါဝင်ခွင့် ပိုမိုရရှိလာဖို့ ကွန်ရက်တခုကို ထူထောင်ပေးနိုင်ရေးဆောင်ရွက်ပေးနိုင်ရေး” စတာတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းအရ ဆယ်ကျော်သက် လူဦးရေဟာ နိုင်ငံလူဦးရေရဲ့ ၂၁.၄၆ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013