DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကျေးရာအချို့တွင် အရက်ရောင်းချ၊ သောက်စားခွင့်ပိတ်ပင်
DVB
·
May 17, 2016
ရခိုင်ပြည်နယ်ကျေးရာအချို့တွင် အရက်ရောင်းချ၊ သောက်စားခွင့်ပိတ်ပင်
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကျွဲကြိုအုပ်စု၊ ငှက်ရဲကောက်ကျေးရွာနှင့် ရမ်းဗြဲမြို့နယ် စကု၊ မကျည်းကျွန်းရှိ ကျေးရွာတွေမှာ အရက်ဘီယာ ရောင်းချသောက်စားခွင့်ကို ရပ်ရွာအမျိုးသမီးတွေ ဦးဆောင်ပြီး ရပ်ရွာအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ပိတ်ပင်တားမြစ်လိုက်ပါတယ်။

မေလ ၁၄ ရက်နေ့က ကျေးရွာရှိအမျိုးသမီးများ ဦးဆောင်ပြီး ရပ်မိရပ်ဖများ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ တာဝန်ရှိသူတွေက အစည်းအဝေးပြုလုပ်ကာ အဲ့ဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကျေးရွာမှာ အရက်သေစာ ရောင်းချခွင့်၊ သောက်စားခွင့်မပြုကြောင့် အဲ့ဒီနေ့ကစပြီး သတ်မှတ် လိုက်ပါတယ်။

တကယ်လို ကျူးလွန်းဖောက်ဖျက်ပါက ဒဏ်ငွေကျပ် ၁ သိန်းအပြင် ကျေးရွာက ပေးအပ်တဲ့ အပြစ်ဒဏ်တွေကို ကျခံစေရမယ်လို့ ငှက်ရဲကောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းက ဒီဗွီဘီကိုပြောပါတယ်။
“လူကြီး၊ လူလတ်တွေအစ အရက်သောက်သုံးသူ အရမ်းများလာတယ်။ တဖြည်းဖြည်းနဲ့ သောင်းကျန်းလာတယ်။ ကျနော့်ကို တိုင်တာလည်း များနေပြီ၊ ရွာက အမျိုးသမီးတွေ ဦးဆောင် ပြီးတော့ ဘုရားတကာ၊ ကျောင်းတကာ တွေပါတယ်။ သူတို့က လာပြီးတော့ ရပ်ရွာမှာ ဒါလေးတခုကို တားမြစ်လိုက်ရင်မကောင်းဘူးလားဆိုပြီး တိုင်ပင်ကြတယ်ပေါ့။ ပြီးတော့ ရွာမှာရှိတဲ့ တအိမ်ကိုတယောက်ကျ လာဖို့အစည်းအဝေး ခေါ်လိုက်တယ်။ ကန့်ကွက်သူ မရှိဘူး။ အရက်ရောင်းချ၊ သောက်စားခွင့်မပြုဘူးလို့တစ်ညီတညွတ်တည်း အစည်း အဝေးမှာဆုံးဖြတ် လိုက်တယ်။ အရက်ဘီယာရောင်းချတဲ့ဆိုင်တွေကိုယ်တိုင်သဘောတူတယ်။ သူတို့ယောင်္ကျား သားသမီးတွေလည်း အရက်သောက်နေတာကို သူတို့သိတယ်။ ဒါကြောင့်သူတို့လည်း သဘော တူတယ်။ အခု အရက်မရောင်း ချတော့ဘူးလို့သဘောတူလက်မှတ်ထိုးထားပါတယ်။ ရောင်းချလို့ သောက်စားလို့တွေ့ရင် ဒဏ်ငွေ ၁ သိန်းလို့ သတ်မှတ်လိုက်တယ်လို့ ပြောပါတယ်”လို့ ပြောပါတယ်။

သောက်သုံးရောင်းချတာ တွေ့ရှိပါက ဒဏ်ငွေ ၁ သိန်းသတ်မှတ်ထားတဲ့အပြင် ရပ်ရွာကပေးတဲ့ ပြစ်ဒဏ်ကိုလည်း ခံရမယ်လို့ပြောပါတယ်။ အဲ့ဒီငွေကိုလည်း ကျေးရွာသာရေးနာရေးအတွက် ရန်ပုံငွေအဖြစ် သိမ်းဆည်းထားမယ်လို့ ပြောပါတယ်။ အဲ့ဒီငှက်ရဲကောက် ကျေးရွာမှာ အိမ်ခြေ ၁၃၄ ဆောင်ရှိပြီး လွန်ခဲ့တဲ့ ၃ နှစ်ကကျေးရွာမှာ အရက်ဆိုင်ပေါင်း ၂၅ ဆိုင်အထိရှိ ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်မှာအရက် ဆိုင်လျှော့ချခဲ့ပြီး အခုအချိန်မှာ အရက်သောက်စားခွင့်ကို ပိတ်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီဆိုင်တွေဟာ အရင်ကတည်းက လိုင်စင်မဲ့ဆိုင်တွေဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို အရက်များကိုပိတ်လိုက်တဲ့အပေါ် ဒေါ်သိန်းမ က ဒီဗွီဘီကို အခုလိုပြောပါတယ်။
“အစ်မတို့ရွာမှာ အရက်ဆိုင်တွေရှိတုန်းကဆိုရင် အရမ်းကို စိတ်ညစ်ရတယ်။ သာမာန်နေ့တွေ ကအစ သီးတင်းကျွတ်၊ တန်ဆောင်မုန်း၊ တပေါင်းနှင့်နှစ်သစ်ကူး၊ သင်္ကြန်လတွေဆိုရင် အဆိုးဆုံးပါပဲ။ ပိုဆိုးတာက ညပိုင်းကျလို့အရက်မူးလာရင်အိမ်ရှေ့မှာဆဲကြ၊ ဆူကြ၊ ငေါက်ကြနဲ့ နေ့တိုင်းအစ်မတို့ စိတ်ဆင်းရဲနေကြရတယ်။ ပူပင်နေကြရတယ်။ တဖြည်းဖြည်းနဲ့ ရပ်ရွာမှာ သောင်းကျန်းလာကြတယ်။ လင်က သောက်လာတယ်။ မယားကို ဆဲတယ်။ အိမ်မှာရှိတဲ့အိုးတွေ၊ ခွတ်တွေကိုလွှင့်ပစ်တယ်။ လူတွေသူတွေ နားမကြားချင်လောက်အောင် ဆဲကြတယ်လေ။ ဒီလို သောက်စားမှုးယစ်နေတာက နေ့တိုင်းလိုလိုဖြစ်နေတယ်။ ဒါကိုရွာမှာရှိတဲ့ အစ်မတို့ မိန်းမသား တွေ ဦးစီးပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့်ဘာသာရေး လူကြီးတွေနဲ့ဆွေးနွေးကြတယ်။ ပြီးတော့ ဒါလေး တခုကို ပိတ်ပင်လိုက်ရင် မကောင်းဘူးလားပေါ့လေ။ ဒါကိုလူကြီးတွေ အစည်းအဝေး ခေါ်ပြီး ဆုံးဖြစ်လိုက်တယ် ပေါ့လေ’’လို့ပြောပါတယ်။

အလားတူ ရခိုင်ပြည် ရမ်းဗြဲမြို့နယ်၊ စကု၊ မကျည်းကျွန်းရှိ ကျေးရွာများမှာကျေးရွာ အမျိုးသမီးများမှ ဦးဆောင်ပြီး အရက်ရောင်းချခွင့် သောက်သုံးခွင့်များကို တားမြစ်ပိတ်ပင်လိုက်ကြပါတယ်။
သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013