DVB Logo
Home
မြန်မာသတင်း
ရသတံတား ဘာသာပြန်စာပေပွဲတော် ကျင်းပ
DVB
·
May 17, 2016
ရသတံတား ဘာသာပြန်စာပေပွဲတော် ကျင်းပ
Donate to DVB

နိုင်ငံတကာက စာအုပ်ဆိုင်တွေပါ လာပြီးရောင်းချမယ့် ရသတံတား ဘာသာပြန်စာပေပွဲတော်ကို မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရသတံတား ဘာသာပြန်စာပေပွဲတော်ကို PEN Myanmar က ဦးဆောင်ကျင်းပမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကိုတော့ အခုလ ၁၆ ရက်နေ့ နေ့လယ်က ရန်ကုန်မြို့ အောက်ပုဇွန်တောင်လမ်းမှာရှိတဲ့ PEN Myanmar ရုံးခန်းမှာ ပြုလုပ်ခဲ့တာပါ။

ဒီဘာသာပြန်စာပေပွဲတော် ကျင်းပရတဲ့ အကြောင်းကို ဆရာခင်အောင်အေးက ရှင်းပြခဲ့ပြီး ပွဲတော်မှာပါဝင်မယ့် အစီအစဉ်တွေကိုတော့ စာပေပွဲတော် ဒါရိုက်တာဖြစ်တဲ့ ဆရာမြေမှုန်လွင်က ရှင်းပြခဲ့ပါတယ်။

“ဒီပွဲက အဓိကအားဖြင့် အကြောင်းအရာ ကဏ္ဍ ၄ ခုနဲ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ကဏ္ဍကတော့ ၀ပ်ရှော့ (Workshop) ပါ။ ၀ပ်ရှော့ဆိုတာ ကျနော်တို့ လျှောက်လွှာတွေကနေ ရွေးချယ်ထားတဲ့ ဘာသာပြန် စာရေးဆရာတွေနဲ့အတူ ၀ါရင့်သဘာရင့် ဘာသာပြန်  စာရေးဆရာကြီးတွေ၊ တည်းဖြတ်သူတွေနဲ့အတူ ဘာသာပြန်ဆိုမယ်။ မူရင်းစာရေးဆရာတွေလည်း ရှိမယ်။ ဒီဝပ်ရှော့က အများပြည်သူနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ကျနော်တို့ တံခါးပိတ်လုပ်နေမှာ ဖြစ်တဲ့အတွက် မေလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့မှာ ဘယ်သူမှလာပြီး လေ့လာခွင့် မရှိပါဘူး။ ၂၇၊ ၂၈၊ ၂၉ မှာတော့ ကျနော်တို့ ဆွေးနွေးပွဲတွေ အများကြီးပါပါတယ်။ ဆွေးနွေးပွဲတွေမှာလည်း အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ပေးမယ့်သူတွေ၊ မြန်မာကနေ အင်္ဂလိပ်လို ဘာသာပြန်ပေးမယ့်သူတွေ အဆင်သင့်ရှိပါတယ်။"

ဒီဘာသာပြန်စာပေပွဲတော်မှာ လက်တွေ့ ဘာသာပြန်အစီအစဉ်၊ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက ထုတ်ဝေသူတွေရဲ့ စာအုပ်ပွဲတော်နဲ့ ဘာသာပြန်ရှားပါး စာအုပ်ပြပွဲတွေလည်း ပါဝင်မှာပါ။

“စာအုပ်ပြပွဲလည်း ပါပါတယ်။ ဘာသာပြန်ရှားပါး စာအုပ်ပေါင်း အုပ် ၁၅၀၊ ၂၀၀ လောက် ပြသွားမှာပါ။ အဲဒီပြပွဲကို ကြည့်ခြင်းအားဖြင့် ဘာသာပြန်သမိုင်းကို အကဲခတ်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတကာက ထုတ်ဝေသူတွေလည်း လာမှာဖြစ်ပါတယ်။ နိုင်ငံတကာက စာအုပ်တိုက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီစာအုပ်တိုက်တွေကနေ သူတို့စာအုပ်တွေ ဘယ်လိုခင်းကျင်းပြသတယ်၊ ပြည်တွင်းက စာအုပ်တိုက်တွေ ဘယ်လိုခင်းကျင်းပြသတယ်၊ ပြည်တွင်းက ကျနော့်စာအုပ်တိုက် အပါအ၀င် တချို့ စာအုပ်တိုက်တွေက သာမန် စာအုပ်ခင်းကျင်းပြသတာမျိုး မဟုတ်ဘဲနဲ့ Decoration တွေနဲ့ လုပ်ဖို့ အစီအစဉ်တွေ ရှိနေပါတယ်။ ထူးခြားမယ့်ပွဲကြီး ဖြစ်ပါတယ်။ အားလုံးကို လာခဲ့စေချင်ပါတယ်” လို့ ဆရာမြေမှုန်လွင်က ဆက်ပြောပါတယ်။

ဒီရသတံတား ဘာသာပြန်စာပေပွဲတော်ကို ဒုတိယအကြိမ် ကျင်းပတာဖြစ်ပြီး မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013