DVB Logo
Home
မြန်မာသတင်း
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပ
DVB
·
May 17, 2016
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပ
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကဦးဆောင်ပြီး ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကေအန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်းမှာ မေလ ၁၆ ရက်နေ့ကစပြီး ၅ ရက်ကြာ ကျင်းပနေပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ကေအန်ယူတခုထဲရဲ့အမြင်မဟုတ်ဘဲ ကရင်တမျိုးသားလုံးရဲ့ အမြင်သဘောထားလို စုစည်းဖို့အတွက် ဒီနှီးနှောဖလှယ်ပွဲကို ကျင်းပရတာဖြစ်တယ်လို့ ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“နှီးနှောဖလှယ်ပွဲရဲ့ရည်ရွယ်ချက်က ၂ ခုရှိပါတယ်။ တစ်တချက်က အခုလာမယ့်ဆွေးနွေးပွဲမှာအ ကုန်လုံးပါဝင်ရေးဆိုတဲ့သဘောတား အကုန်လုံးအမြင်သဘေားထကို စုစည်းဖို့ဖြစ်တယ်။ ဒုတိယအချက်ကတော့ ဒီနိုင်ငံရေးတွေးနွေးမှုမှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေရဲ့ပါဝင်မှုကို အထောက်အကူပြုနိုင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်ကို စုစည်းတဲ့ဆောင်ရွက် ဒါကို အခြေချခြင်းဖြစ်ပါတယ်။”

ဒီနှီးနှောဖလှယ်ပွဲမှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ကိုယ်စားလှယ်၊ လူမှုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်၊ ကရင်တတ်သိပညာရှင်တွေ၊ပြည်တွင်းက ကရင်အမျိုးသားအစု အဖွဲ့တွေ၊ ကေအန်ယူက ဦးဆောင်ဆွေးနွေးမယ့်အဖွဲ့တွေအပါအ၀င် လူပေါင်း တရာကျော် တက်ရောက်ဆွေးနွေးနေပါတယ်။

“အခု ကျမတို့ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြခြင်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ခြေလှမ်း ဖို့လည်း အထောက်အကူအများကြီးဖြစ်တယ်။ တိုင်းရင်းသားအချင်းချင်းလည်း ညီညီညွတ်ညွတ် နဲ့ ပေါင်းစည်းလုပ်ဆောင်ကြမယ်ဆိုလို့ရှိရင် ကျမတို့ ရည်မှန်းထားတဲ့ ဒီဖယ်ဒရယ် ပြည်ထောင်စု ကြီးကို အရောက်ချီတက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဒီနှီးနောဖလှယ်ပွဲတရာက်နေတဲ့ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ တာဝန်ခံ နော်ဖောထူးက ပြောပါတယ်။
အခုအစည်းအဝေးမှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တခြား ကရင်လက်နက်ကိုင် အဖွဲ့တွေ တက်ရောက်လာတာတော့ မတွေ့ရပါဘူး။
အခုကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကနေ နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သယံဇာတ စတဲ့ကဏ္ဍတွေကို ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013