DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့တွင် လေပြင်းတိုက်ခတ်၊ နေအိမ်တချို့ ပျက်စီး
DVB
·
May 17, 2016
တနင်္သာရီမြို့တွင် လေပြင်းတိုက်ခတ်၊ နေအိမ်တချို့ ပျက်စီး
1 / 3
Donate to DVB

တနင်္သာရီမြို့တွင် မေလ ၁၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စားသောက်ဆိုင်နှင့် နေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ မေလ ၁၆ ရက်နေ့ ညနေ (၄) နာရီခန့်က မိုးသက်လေးပြင်းတိုက်ခတ်မှုကြောင့် စားသောက်ဆိုင်၊ နေအိမ်တချို့ပျက်စီးကာ လမ်းဘေးရှိ ဓာတ်တိုင်တွေ လှဲကျပျက်စီးသွားခဲ့တယ်လို့ တနင်္သာရီမြို့ ဒေသခံတွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တဲ့အတွက် ချောင်းကြီးရပ်ကွက်ရှိ ရွှေလိပ်ပြာ ကမ်းနားလမ်း မြစ်ကမ်းနံဘေးရှိ နန်းမြင့်သူ စားသောက်ဆိုင်အမိုး သွပ်ပြားတွေ လေပြင်းနဲ့အတူ ကျွတ်ထွက်သွားကာ ရပ်ကွက်အတွင်း လွင့်စင်သွားခဲ့ပြီး တချို့သွပ်ပြားတွေက အခု အချိန်အထိ ဗန်ဒါပင်နှင့် ငုဝါပင်တို့ရဲ့ အကိုင်းအခက်တွေပေါ်မှာ တင်ရှိနေသေးတယ်လို့ တနင်္သာရီမြို့နယ် ပြန်/ ဆက်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ရွှေလိပ်ပြာကမ်းနားလမ်း မြစ်ကမ်းနံဘေးရှိ တယ်လီဖုန်းတိုင် နှစ်တိုင်မှာလည်း အောက်ခြေမှကျွတ်၍ ပြိုလဲခဲ့ပြီး ချောင်းကြီးရပ်ကွက် တိုးချဲ့ (၂)လမ်းအတွင်း နေအိမ်အချို့ ဓနိမိုးပျက်စီးသလို သစ်ကိုင်းတွေ ကျိုးကျခဲ့ပါတယ်။ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ တနင်္သာရီမြို့နယ် ပြန်/ ဆက်ရုံးမှ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၁ လလောက်ကလည်း တနင်္သာရီမြို့နယ်တွင် လေပြင်းတိုက်ခတ်တဲ့အတွက် လူနေအိမ်တချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတချို့ထံမှ သိရပါတယ်။
သတင်း - မြတ်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013