DVB Logo
Home
မြန်မာသတင်း
ကျွန်းစု ရေပိုင်နက်အတွင်း ဘိန်းစာမှုန့် ဆာလာအိတ်ဖြင့် အထုပ် ၄၀ ကျော်ဖမ်းမိ
DVB
·
May 17, 2016
ကျွန်းစု ရေပိုင်နက်အတွင်း ဘိန်းစာမှုန့် ဆာလာအိတ်ဖြင့် အထုပ် ၄၀ ကျော်ဖမ်းမိ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရေပိုင်နက်အတွင်း ဘိန်းစာမှုန့် ဆာလာအိတ်နဲ့ ထုပ်ပိုးထားတဲ့ အိတ် ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ရဲစခန်းက သိရပါတယ်။

ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု၊ သဲဖြူကျွန်းကျေးရွာ မြောက်ဘက်ရေပြင်မှာ မေလ ၁၄ ရက်နေ့ မနက် ၁၀ ခွဲအချိန် ဖမ်းဆီးရမိခဲ့ပြီး ကျွန်းစုမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်ထွန်းအောင်နှင့် ရှော်တောမော်နယ်မြေ စခန်းမှူး ရဲအုပ်ဇင်မော်၊ ဘန္ဒနဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကို၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်သစ် တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ ပူးပေါင်းပါဝင်သော အဖွဲ့များမှ ဦးဆောင်၍ သတင်းအရ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် အဆိုပါ စက်လှေကို သွားရောက်ဖမ်းဆီး နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရေးအဖွဲ့မှ ရဲအုပ်ဇင်မော်နှင့်အဖွဲ့စက်လှေက လှေချင်းကပ် အတင်းတက်ပြီး လုံးထွေး ဖမ်းဆီးခဲ့ရာ မဲတောကျေးရွာနေ အသက် ၄၀ နှစ် အရွယ် လှသိန်း၊ သန်းဌေးနိုင် မဲတောကျေးရွာနှင့် ၀င်းသိန်း တို့ကို လှေပေါ်မှာ ကျန်နေတဲ့ ဘိန်းစုမှုန့်အထုပ်တွေ ထည့်ထားတဲ့ ဆာလာအိတ် ၁၆ အိတ်နှင့်အတူ ဖမ်းဆီးရမိပြီး လှေပေါ်မှ ပစ်ချခဲ့တဲ့ ဘိန်းစာမှုန့်အထုပ်တွေ ကိုလည်း ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013