DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်း နေပြည်တော်ထိ ဆက်လက်ချီတက်
DVB
·
May 17, 2016
စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်း နေပြည်တော်ထိ ဆက်လက်ချီတက်
1 / 3
Donate to DVB

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်မှာရှိတဲ့ အိန္ဒိယလူမျိုးပိုင် (MVPPL) သစ်အချောထည်စက်ရုံကနေ အလုပ်ထုတ်ခံရလို့ မကျေနပ်တဲ့ အလုပ်သမားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးကနေ နေပြည်တော်ထိ လမ်းလျေက်ချီတက်နေကြပါတယ်။

မေလ ၁၆ ရက်နေ့မှာ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၉၂ မိုင် ၆ ဖာလုံမှာ ညအိပ်ပြီး ဒီနေ့ မနက်မှာ နေပြည်တော်ကို ဆက်လက်ချီတက်နေတာပါ။

စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ ၁၆၁ ဦးက ဆန္ဒထုတ်ဖော်မှုကို အဲ့ဒီစက်ရုံရှေ့မှာ ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုနေရာကနေ နှစ်လကျော်ကြာမြင့်တဲ့အထိ ဖြေရှင်း မပေးတာကြောင့် ဧပြီ ၂၉ ရက်နေ့ ကစပြီး ချီတက်လာပါ။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက တာဝန်ရှိသူတွေက တွေ့ဆုံညှိနှိုင်းပြီးပေမယ့် အဆင်မပြေခဲ့ပါဘူး။ MVPPL သစ်အချောထည် စက်ရုံမှာ အလုပ်သမားဦးရေ ၃၀၆ ဦးရှိကာ အိန္ဒိယလူမျိုး နိုင်ငံခြားသားဦးရေ ၃၂ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013