DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင်နေထိုင်သူများ ည ၆ နာရီအပြင်မထွက်ရန် သတိပေး
DVB
·
May 16, 2016
ဘန်ကောက်တွင်နေထိုင်သူများ ည ၆ နာရီအပြင်မထွက်ရန် သတိပေး
Donate to DVB

ထိုင်းနိုင်ငံဘန်ကောက်အတွင်းပိုင်းမှာ မေလ ၁၆ ရက် ညနေ ၆ နာရီနောက်ပိုင်း ပြင်းထန်တဲ့ မုန်တိုင်းဖြတ်သန်းသွားနိုင်တဲ့ အလားအလာရှိတဲ့အတွက် အရေးကြီးကိစ္စမရှိပါက အပြင် မထွက်ဖို့ သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားပါတယ်။

အနောက်တောင်အရပ်မှ မုတ်သုန်လေနဲ့ အရှေ့မြောက်ဘက်ကမုတ်သုန်လေတွေ အားကောင်း ပြီး အိန္ဒိယသမုဒ္ဒရာမှာ ဆိုင်ကလုန်းမုန် တိုင်းဖြစ်ပေါ်စေနိုင်ကြောင်း၊ အဆိုပါလေပြင်းတွေဟာ ဘန်ကောက်အရှေ့ပိုင်း ချွန်းပူးရီးခရိုင်မှ ၀င်ရောက်ကာ ဘန်ကောက်အနောက်ဘက် နခွန်းပထုန် ခရိုင်ကနေ ပြန်ထွက်မှာဖြစ်ကာ မိုးရေချိန် ၁၀၀ မီလီလီတာကနေ ၁၅၀ မီလီလီတာအထိ မြင့်နိုင်တယ်လို့ ထိုင်းနိုင်ငံသိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ရေဘက်ဆိုင်ရာပြန်ကြားရေးနဲ့ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်မှူး နိုင်းလောယွန်း ကျစ်ဒွန်းက ပြောပါတယ်။

ဒါကြောင့် ဘန်ကောက်နေပြည်သူတွေအနေနဲ့ အပြင်မှာရောက်နေရင် အရေးမကြီးပါက ညနေ ၆ နာရီ မတိုင်ခင် အိမ်ပြန်ဖို့၊ ညနေ ၆ နာရီနောက်ပိုင်းမှာ အပြင်ထွက်ရင် မိုးကြီးလေကြီး မိနိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
(ကိုးကား - http://www.naewna.com)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013