DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းရန် အစိုးရကို ဆေးပညာရှင်များတိုက်တွန်း
DVB
·
May 16, 2016
ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းရန် အစိုးရကို ဆေးပညာရှင်များတိုက်တွန်း
Donate to DVB

ငြိမ်းချမ်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့မှုရှိမှသာ  ကျန်းမာရေး အဆင့်အတန်းပိုမိုမြင့်မားလာ မှာဖြစ်တဲ့အတွက် အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်းပေးဖို့ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းက အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ မေလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ  ပြုလုပ်တဲ့ အဌမအကြိမ်မြောက် ညီလာခံမှာ တန်းတူညီမျှတဲ့ ကျန်းမာရေးစောင်ရှောက်မှုတွေ ရရှိဖို့လည်း တောင်းဆိုကြပါတယ်။

အသင်းဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်က “ကျန်းမာရေး စနစ်ကောင်း မွန်ဖို့ဆိုတာကတော့ လူထုတွေတည်ငြိမ်နိုင်တဲ့ အခြေခံ ဘ၀လုံခြုံမှုတွေ တည်ဆောက်မှသာ ကျန်းမာရေးစနစ်တွေ ကောင်းမွန်လာမှာဖြစ်တဲ့အတွက်ကြောင့် အခြေခံလူမှုဘ၀ဖူလုံမှုနဲ့ ဒေသတွေမှာ တည်ငြိမ်မှု ရရှိဖို့ရယ်၊ တန်းတူညီမျှ လူမှုရေးအကျိုးစီးပွားတွေခံစားမှုရရှိဖို့ရယ် အဲဒီပေါ်မှာ အခြေခံပြီးတော့ တောင်းဆိုထားတာ ရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုတွေနဲ့အညီ လူတိုင်းလွမ်းခြုံနိုင်တဲ့ ကျန်းမာရေး၊ ပညာရေး တန်းတူညီမှုရရှိဖို့လည်းတောင်းဆိုထားပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးတွေမှာ ဗဟိုချုပ်ကိုင်မှုကြောင့် ပြည်သူလူထုရဲ့ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေနိုင်တာကြောင့် စိုးရိမ်ကြောင်း ထုတ်ပြန်ပါ တယ်။

မြန်မာနိုင်ငံဆေးပညာရှင်များအသင်းကို နိုင်ငံတကာမှာရှိနေတဲ့ မြန်မာဆေးပညာရှင်တွေပူးပေါင်း ဖွဲ့စည်းထားတာဖြစ်ပြီး ၂ နှစ်တကြိမ် ညီလာခံပြုလုပ်လေ့ရှိပါတယ်။

ဒီနှစ်ညီလာခံမှာတော့ လာမယ့် ၂၀၁၆-၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013