DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ် မဲဇာချောင်းအတွင်း တရားမဝင်ရွှေတူးဖော်နေသည့် ရွှေမျှောများ ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
May 16, 2016
အင်းတော်မြို့နယ် မဲဇာချောင်းအတွင်း တရားမဝင်ရွှေတူးဖော်နေသည့် ရွှေမျှောများ ပိုင်ရှင်မဲ့ဖမ်းမိ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ဆိပ်သာကျေးရွာနဲ့ နံ့သာကျေးရွာအနီး မဲဇာချောင်းအတွင်း တရားမဝင်ရွှေတူးဖော်နေသော ရွှေမျှောများကို မေလ ၁၅ ရက်နေ့က ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါ တယ်။

အင်းတော်မြို့နယ်အတွင်းရှိ ဆိပ်သာကျေးရွာနဲ့ နံ့သာကျေးရွာအနီး လေးတန်ချောင်း ဆုံရာမှာ တရားမဝင် ရွှေတူးဖော်နေတဲ့ သတင်းအရ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌရဲ့ ကြီးကြပ်မှုနဲ့ မြို့နယ်ထွေအုပ်အပါအ၀င် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်သစ်တော၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ် လယ်ယာစာရင်းအင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ သွားရောက် ဖမ်းဆီးရာ JIANGGONG 30 HP ENG (၂)လုံး၊ (၂)လုံးထိုး အင်ဂျင် (၁)လုံး၊ (၄)လုံးထိုး အင်ဂျင် (၁)လုံး၊ ဘောတွဲ(၄)စုံ၊ JIANGGONG 6.5 တံဆိပ်ပါ ရေစုပ်စက်အဝါရောင် (၁) လုံး၊ ဆက်စပ်ပိုက် (၁၀)လုံး၊ TATASOLA အမျိုးအစား(၁၂)ဗို့ V/67 AR ဘထ္ထရီအဝါရောင်(၁)လုံး၊3K N 70 အမျိုးအစား (၁၂) V/70 AR ဘထ္ထရီအပြာရောင်(၁)လုံး တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မဲဇာချောင်းအတွင်း တရားမဝင် ရွှေတူးဖော်တဲ့အတွက် မဲဇာချောင်းရေမှာ ညစ်ညမ်းလာပြီး ကျွဲနွားတိရစ္ဆာန်တွေပါ သောက်သုံးလို့မရတော့ပဲ ရွှေတူးဖော်မှုကနေ ထွက်ရှိတဲ့ မြေစာတွေက ချောင်းရေစီးဆင်းမှုကို ပိတ်ဆို့ထားတဲ့အတွက် မဲဇာချောင်း တိမ်ကော ပပျောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013