DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် ကာချုပ်၊ သမ္မတဟောင်းတို့ တွေ့ဆုံ
DVB
·
May 16, 2016
ကေအန်ယူနှင့် ကာချုပ်၊ သမ္မတဟောင်းတို့ တွေ့ဆုံ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ သမ္မတဟောင်း ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၁၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကေအန်ယူအနေနဲ့ အရင်ရှိပြီးသား ဆက်ဆံရေးကို မပျက်သွားအောင် တွေ့ဆုံ တာ ဖြစ်တယ်လို့ ကေအန်ယူ ဗဟိုကော်မီတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“အဓိက ဆွေးနွေးတာတော့မရှိပါဘူး။ ကျနော်တို့က သမ္မတကြီးဦးသိန်းစိန်နဲ့ရော၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ရော ကျနော်တို့ ပြီးခဲ့တဲ့အစိုးရသက်တန်းကာလမှ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိထားတဲ့ အခါကျတော့ အခုကျနော်တို့ ကေအန်ယူဥက္ကဋ္ဌ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ သွားပြီးတော့ ကျနော်တို့ရှိထားတဲ့ဆက်ဆံရေးကို ခိုင်မြဲအောင် သွားတဲ့သဘောပါ။ ကျနော်တို့ နဂိုရှိထား တဲ့ ဆက်ဆံရေးဟာ တဦးနဲ့တဦးယုံကြည်မှုတွေ အပြန်အလှန်ရှိထားတဲ့အခါကျတော့ ကျနော်တို့ မိတ်ဝတ်မပြတ်သွားပြီး ဆက်ဆံတဲ့သဘောပါ။”

ဒါ့အပြင် ကေအန်ယူအနေနဲ့ အပစ်ခတ်ရပ်စဲထားပြီးဖြစ်လို့ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်ရှိနေ ပြီဖြစ်သလို တက်လာတဲ့အစိုးရသစ်နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထဲမှာ အပစ်ခတ်ရပ်စဲရေးကို ဆောင်ရွက်ခဲ့ပြီးပြီ။ ရရှိခဲ့ပြီးပြီ။ ငြိမ်းချမ်းရေးညီလာခံကိုလည်း ကျနော်တို့ တက်ရောက်ခဲ့ပြီးပြီဆိုတော့ နိုင်ငံရေး စားပွဲဝိုင်းကို ကျနော်တို့ ရောက်ရှိပါပြီ။ အဲဒါကို ကျနော်တို့ ဆက်လက်ထိန်းသိမ်းသွားမယ်၊ ဆက်လက်သယ်ဆောင်သွားမယ်။ အခု တက်လာတဲ့အစိုးရသစ်နဲ့လည်း ဒါကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမယ်။ ကရင်အမျိုးသားတွေရဲ့ ရရှိပိုင်ခွင့်၊ ကျနော်တို့အမျိုးသားအခွင့်အရေးကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ကျနော်တို့မှာ သဘောထားရှိပါတယ်။ တွေ့ဆုံဆွေးနွေးဖို့လည်း ကျနော်တို့ ဘက်က အဆင်သင့်ရှိပါတယ်။ ကျနော်တို့ ကေအန်ယူတင်မကဘူး။ တိုင်းရင်းသားတွေဖက်က အဆင်သင့်ရှိပါတယ်။”

ဒီတွေ့ဆုံပွဲမှာ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့အတူ ကာကွယ်ရေးဌာနက ဗိုလ်မှူး ကြီးရောဂျာခင်၊ စစ်ထောက်ချုပ် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး၊ ပဒိုစောတာဒိုးမူ၊ ပဒိုရွှေမောင်း၊ ဗိုလ်မှူး ကြီးတူးတူးလေးနဲ့ ပဒိုမန်းငြိမ်းငြိမ်းမောင်တို့ပါဝင်ပြီး သမ္မတဟောင်း ဦးသိန်းစိန်နဲ့ မနက်ပိုင်းမှာတွေ့ဆုံခဲ့သလို ညနေပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013