DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ပေါက်ကွဲမှုဖြစ်၊ မြေတူးရာက ပေါက်ကွဲခြင်းဟု ဆို
DVB
·
May 16, 2016
စစ်တွေတွင် ပေါက်ကွဲမှုဖြစ်၊ မြေတူးရာက ပေါက်ကွဲခြင်းဟု ဆို
Donate to DVB

စစ်တွေမြို့ ကိုယ်ပွားသတင်းစာတိုက်အနီး ကန်တောင်ကြီး မြေတူးရာကနေ မေလ ၁၅ ရက်နေ့ ည ၉ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် စစ်တွေမြို့ပေါ်ရပ်ကွက်များမှာ ကျယ်လောင်စွာကြားခဲ့ကြရပြီး အနီးတ၀ိုက်မှာ ရှိတဲ့သူတွေ ထိတ်လန့်ခဲ့ရပါတယ်။ ဒီပေါက်ကွဲမှုဟာ စစ်တွေမြို့ ကန်တောင်ကြီးနေရာကို မြေတူးရာအောက်မှာရှိတဲ့ ကျောက်တွေနဲ့ ဘတ်ဖောစက်နဲ့ ထိမိရာကနေဖြစ်တာလို့ စစ်တွေ မြို့မရဲစခန်းရဲအုပ် ဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဘာမှတော့ မဟုတ်ဘူးခင်ဗျ။ အလကား လျှောက်ပြောနေကြတာပါ။ ကန်တော်ကြီးကို ရေအတွက်မြေတူး နေတယ်။ အဲ့ဒါကလည်း အောက်မှာ ကျောက်တွေဘာတွေ ရှိတာပေါ့ဗျ။ ဟိုလိုတော့ မဖြစ်ပါဘူး။ ကျနော်တို့အသံကြားတော့ အသံဟာ ဘာအသံလဲပေါ့လေ။ ဖြစ်ရိုးဖြစ်စဉ် သွားကြည့်ကြတာပေါ့လေ။ ဘာမှတော့ မရှိပါဘူး။ အနီးတ၀ိုက်ကို မေးမြန်းတော့ ကန်တောင်ကြီးမြေတူးတဲ့ နေရာကပဲ ကြားတယ်ပေါ့။ အဲ့ဒီမှ ဘတ်ဖော့ လေးငါးခြောက်စီးနဲ့ တူးနေတာလေ။ ညက အဲ့ဒီအချိန်မှာပဲဖြစ်တာပါ။ အခုနားက ကျနော်ပြောတဲ့ အတိုင်းပါပဲ။ ဟိုလိုမျိုးတော့ မဟုတ်ပါဘူး။ ကားသော်လည်းကောင်း၊ ဘတ်ဖော့နဲ့ အောက်ကတူးနေတဲ့ ကျောက်တွေထိမိပြီးတော့ ဖြစ်သွားတာပါ။ ညဆိုတော့ အသံကျယ်တယ်ပေါ့ဗျာ”လို့ ပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာသူ မရှိသလို ကြီးမားတဲ့ ဆုံးရှုံးပျက်စီးမှုလည်း မရှိဘူးလို့ ပြောပါတယ်။

စစ်တွေမြို့ ကန်တောင်ကြီးအနီးမှာနေတဲ့ ဦးကျော်ဇံက “မနေ့ညက အသံတော်တော် ကျယ်တယ်။ ကျနော်တို့ဆို လန့်တောင်လန့်သွားတယ်။ တခုခုဖြစ်ပြီးလား ဆိုတာတွေးတာပေါ့။ အပြင်လည်း မထွက်ရဲကြဘူး။ အဖမ်းခံရမှာ ကြောက်လို့။ ပေါက်ကွဲမှုကတော့ အသံတော်တော်ကျယ် တယ်။ ညကကိစ္စဟာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြည်သူတွေ သိအောင် ရှင်းရှင်းလင်းလင်း လုပ်ပေးသင့်တယ်။ တခုခုဖြစ်လာလေမလားဆိုပြီး ပြည်သူတွေ ထိတ်လန့်ပြီး နေကြရတယ်”လို့ ပြောပါတယ်။

၃ လအတွင်း စစ်တွေမြို့မှာပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ မတ် ၁၀ ရက်နေ့က စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာ ပေါက်ကွဲဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့် ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ ဒီနေ့အထိ ပေါက်ကွဲအကြောင်းအရာကို ရှာမတွေ့သေးပါဘူး။ (သတင်း - ၀ဏ္ဏခွာညို)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013