DVB Logo
Home
မြန်မာသတင်း
ဖားကန့်ကျောက်စိမ်းကုမ္ပဏီ ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
May 16, 2016
ဖားကန့်ကျောက်စိမ်းကုမ္ပဏီ ဗုံးခွဲတိုက်ခိုက်ခံရ
1 / 7
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုထဲက ကျောက်စိမ်းတူးဖော်ရေးလုပ် နေတဲ့ ကြယ်လင်းကုမ္ပဏီမှာ မေလ ၁၅ ရက်နေ့ ညက ပေါက်ကွဲမှုဖြစ်ပွားပြီး မော်တော်ယာဉ် အနည်းဆုံး ၁၀ စီးပျက်စီးသွားပါတယ်။

အခင်းဖြစ်တဲ့ညက အမည်မသိ လက်နက်ကိုင်တဖွဲ့ဟာ ယူမာကျေးရွာရှိ ကြယ်လင်း ကုမ္ပဏီဆီကို ဆိုင်ကယ် ၅ စီးနဲ့ ရောက်လာပြီး  ဗုံးနဲ့ပစ်ပေါက်သွားကြောင်း၊ ဗုံးဟာ ကုမ္ပဏီဝင်းထဲကို ကျသွားတဲ့အတွက် ၀င်းထဲရပ်ထားတဲ့  ကုမ္ပဏီပိုင် ဘက်ဖိုးကား၊ မြေစာ သွန်ကား၊ ဆီတင်ကား စုစုပေါင်း ၁၀ စီးခန့် မီးလောင်ပျက်စီးသွားတယ်လို့  ဆိတ်မူကျေး ရွာအုပ်စု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုမှာ သေဆုံးဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီ အတိအကျမသိရသေးပါဘူး။ ဗုံးခွဲခံရတဲ့အကြောင်းရင်းကို မသိရပေမယ့် အခွန်ကောက်ခံမှုနဲ့ ပတ်သက်တယ်လို့ ယူဆရကြောင်း ဦးရွှေသိန်းက ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်ရဲစခန်းကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

(ဓာတ်ပုံ - Kachin News)

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဖားကန့်ကျောက်စိမ်းကုမ္ပဏီ ဗုံးခွဲတိုက်ခိုက်ခံရ