DVB Logo
Home
မြန်မာသတင်း
နော်ဝေတွင် ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ အပ်နှင်းပွဲ ပြုလုပ်
DVB
·
May 15, 2016
နော်ဝေတွင် ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ အပ်နှင်းပွဲ ပြုလုပ်
Donate to DVB

နော်ဝေနိုင်ငံ တောင်ပိုင်းက Froland မြို့မှာ   ဒေါ်အောင်ဆန်းစုကြည် ပန်းခြံအပ်နှင်းပွဲ အခမ်းအနားကို မေ ၁၄ ရက်နေ့က ပြုလုပ်ရာ မြို့တော်ဝန် Ove Gundersen ကိုယ်တိုင်တက်ရောက် လွှဲပြောင်းပေးခဲ့ပါတယ်။

မြို့ခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ပြည်သူ့ဥယျာဉ်ပန်းခြံထဲက မြေနေရာတခုကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် တည်ဆောက်ဖို့  ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။

ပန်းခြံဖွင့်ပွဲ အခမ်းအနားကိုတော့ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၁ နှစ်ပြည့်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ပန်းခြံကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့၊ နိုဘယ်လ်ငြိမ်းချမ်းရေးစင်တာမှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူကြေးရုပ်နဲ့ ဆင်တူ ကြေးရုပ်ကိုလည်း  ပန်းခြံအသစ်မှာ ထားရှိဖို့ နော်ဝေရောက် မြန်မာအသိုင်းအ၀ိုင်းက စီစဉ်နေပါတယ်။

နော်ဝေနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုတွေကို အစဉ်တစိုက် အားပေးခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာပြည် နိုင်ငံရေးအပြောင်းလဲနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးနောက် အစောဆုံး သွားခဲ့တဲ့ နိုင်ငံတွေထဲမှာ နော်ဝေနိုင်ငံ ပါဝင်ပါတယ်။

Froland မြို့မှာ ဖွင့်လှစ်မယ့် ဒေါ်အောင်ဆန်းစုကြည် ပန်းခြံကိုလည်း တနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရောက်လာမယ်လို့ မျှော်လင့်ကြောင်း မြို့တော်ဝန်က ပန်းခြံ အပ်နှင်းပွဲ အခမ်းအနားမှာ ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013