အင်္ဂပူမြို့နယ်တွင် ဗုဒ္ဓရုပ်ပွားတော်ဦးခေါင်း ခိုးယူမှုဖြစ်ပွား (ဓာတ်ပုံ)
DVB
·
May 15, 2016

1 / 4
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထန်းပင်ကန်အုပ်စု ရွှေလှေကွင်းရွာမှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းကို ဖြတ်တောက် ခိုးယူမှုတခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ဗုဒ္ဓရုပ်ပွားတော်ဟာ ကြေးမဟုတ်ဘဲ စကျင်ရုပ်ပွားတော်သာဖြစ်ပြီး ဗုဒ္ဓဦးခေါင်းတော်ကို ဖြတ်ထားတာဟာ ညီညာစွာဖြတ်တောက်ထားတာမျိုး မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ မေ ၁၂ ရက်နေ့က ဗုဒ္ဓဦးခေါင်းတော် ပျောက်ဆုံးကြောင်း တိုင်ကြားချက်အရ တရားခံ ဖမ်းမိရေး အင်္ဂပူမြို့မရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သန်းထိုက်မြင့်










