မြိတ်-ကော့သောင်း ခရီးသည်တင်ကားမှောက်၊ ယာဉ်မောင်း ထွက်ပြေး
DVB
·
May 15, 2016
မြိတ် - ကော့သောင်း ခရီးသည်တင်မှန်လုံကား မေလ ၁၄ ရက်နေ့ ည ၈ နာရီလောက်က တိမ်းမှောက်ခဲ့လို့ ခရီးသည် ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြိတ်ကနေ ကော့သောင်းကို မောင်းနှင်လာတဲ့ ရွှေလင်းထက် ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံကားဟာ ကျောက်ဖြူတောင်ရွာ ကွန်ပျူတာက္ကသိုလ်အနီးမှာ လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ် ပါလာတဲ့ အမျိုးသား ၇ ဦး၊ အမျီုးသမီး ၇ ဦးနဲ့ သံယာ တော် ၂ ပါး စုစုပေါင်း ၁၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်သွားပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေကိုတော့ မြိတ်မြို့ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ကုသပေးထားပါတယ်။
သတင်းဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)