DVB Logo
Home
မြန်မာသတင်း
ဦးသိန်းစိန်အစိုးရသက်တမ်း ကုန်ခါနီး ထပ်တိုးငါးဖမ်းလိုင်စင်ကိစ္စ ဖြေရှင်းပေးရန် တောင်းဆို
DVB
·
May 15, 2016
ဦးသိန်းစိန်အစိုးရသက်တမ်း ကုန်ခါနီး ထပ်တိုးငါးဖမ်းလိုင်စင်ကိစ္စ ဖြေရှင်းပေးရန် တောင်းဆို
Donate to DVB

ဦးသိန်းစိန် အစိုးရသက်တမ်း ပြီးဆုံးမယ့်ကာလအတွင်း ပင်လယ်ငါးဖမ်းလိုင်စင် ထပ်တိုးချပေးခဲ့မှုကို လက်ရှိအစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့ ငါးဖမ်းလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ကြပါတယ်။

ငါးသယံဇာတ ရှားပါးမှုကြောင့် ပင်လယ်ငါးဖမ်းခွင့် လိုင်စင်ချပေးမှုကို ရပ်နားထား ရာကနေ  ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထဲမှာ ဒီကတိကို ချိုးဖောက်ပြီး၊ ငါးလုပ်ငန်း ဦးစီးဌာနက ကုမ္ပဏီတခုကို လိုင်စင်ချပေးပြီး သင်္ဘော ၈၉ စီးကို ခွင့်ပြုပေးခဲ့ပါတယ်။

အရင် အစိုးရရဲ့ လိုင်စင်ထပ်တိုးချပေးခဲ့မှုကို အခုအချိန်မှာ ပြန်လည်ရပ်ဆိုင်းဖို့ လိုအပ်နေတယ်လို့ အဏ္ဏ၀ါ ငါးဖမ်းလုပ်ငန်း ဒါရိုက်တာ ဦးကြည်ဟင်က ပြောပါတယ်။

“အစိုးရသစ် မပြောင်းလဲခင်မှာ ငါးဦးစီးကနေ ငါးသယံဇာတ ထိန်းသိမ်းတဲ့မူကို ဖောက်ပြီးတော့ အောင်ထွန်းမြတ်ကုမ္ပဏီကို အစီး ၅၀ ခွင့်ပြုခဲ့တယ်။ နောက်တခါ မတ်လမှာ ၃၉ စီးကို ထပ်ပြီးတော့ ခွင့်ပြုပြန်တယ်။”

လက်ရှိအချိန်မှာ တရားဝင် ငါးဖမ်းဆီးခွင့်လိုင်စင်နဲ့ လုပ်ကိုင်နေတာ သင်္ဘော ၃၀၀၀ ကျော်ရှိနေပြီး၊ လက်ရှိ ငါးသယံဇာတရှားပါးမှု မြင့်တက်နေတဲ့အတွက် သင်္ဘော ၁ စီးကို ၃၃ တန်ပဲ ဖမ်းခွင့်ရှိတဲ့ အခြေအနေမှာ ရှိတယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောပါတယ်။

“အန်တီတို့ရဲ့ ဖမ်းနိုင်တဲ့ပမာဏ ၁.၀၅ မီလီယံ မက်ထရစ်တန်၊ MSY လို့ခေါ်တယ်၊ Meximum Sustainable Yeild ပေါ့။ အဲဒါ သန်ပေါင်း ၁.၀၅ မတ်ထရစ်တန် ရှိတယ်။ အဲတော့ ကိုယ့်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် သူတို့က လာပြီးမလုပ်နိုင်တာ ၃၃ နှစ်ကြာတယ်။ ၂၀၁၅ မှာ သူတို့ ပြန်ပြီးလုပ်တဲ့အခါကျတော့ ဒီ MSY သည် ၁၀ ရာခိုင်နှုန်းပဲကျန်တော့တယ်။ ၁ သိန်းလောက်ပဲကျန်တယ်။ အဲတော့ ဒါတွေက အရမ်း လျော့နေပြီ။ လျော့နေတဲ့အပေါ်မှာ ခုနကပြောတဲ့ သဘောင်္အစီးရေ တိုးမယ်ဆိုရင် မတိုးရတော့ဘူး။”

လက်ရှိမှာ ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် ငါးသယံဇာတရှားပါးမှုတွေဖြစ်နေတဲ့အချိန် အရင်အစိုးရက လိုင်စင်ထပ်တိုးချပေးခဲ့မှုကြောင့် သင်္ဘောအသစ်တွေဝင်လာပြီး ငါးပိုဖမ်းမယ့်အခြေအနေတွေကို လက်ရှိအစိုးရက အမြန်ဆုံး ဖြေရှင်းပေးဖို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတွေကလိုလားကြကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့တွေ့ဆုံပြီး အခက်အခဲကို တင်ပြနိုင်ဖို့ ပြင်ဆင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013