DVB Logo
Home
မြန်မာသတင်း
ဗြဟ္မစိုရ်တရားနှင့်အညီ အုပ်ချုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
May 14, 2016
ဗြဟ္မစိုရ်တရားနှင့်အညီ အုပ်ချုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

အစိုးရသစ်အနေနဲ့ အသားအရောင်၊ လူမျိုးမခွဲခြားဘဲ ဗြဟ္မစိုရ်တရားနဲ့အညီ အမျိုးဘာသာ၊ သာသနာအတွက် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သံဃာ့နာယက ဆရာတော်တွေကို လျှောက်ထားလိုက် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေမှာ နိုင်ငံတော် သံဃာ့နာယက ဆရာတော်တွေရဲ့ သြဝါဒကိုခံယူခဲ့ပြီး၊ လက်ရှိ အစိုးရရဲ့ ဆောင်ရွက်သွားမယ့် သဘောထားတွေကို ထဲ့သွင်း လျှောက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က        “ဗြဟ္မစိုရ်တရား ၄ ပါးကို လက်တွေ့ကျင်သုံးခြင်းဖြင့် လူမျိုးခွဲခြားခြင်း၊ အသား အရောင်ခွဲခြားခြင်း၊ မိတ်ဆွေရန်သူခွဲခြားခြင်း၊ ယုံကြည်မှု အယူဝါဒခွဲခြားခြင်း စသည်တို့အပေါ် ကောင်းစွာချဉ်းကပ်မှု ကင်းနိုင်ပါသဖြင့် မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်ကျင့်စဉ် တရားတော်သည် လူ့လောကကြီးအတွက် လွန်စွာအားကိုး မြတ်နိုးဖွယ်ဖြစ်ကြောင်း ခံစားနိုင်ပါသည် ဘုရား။ အစိုးရအဖွဲ့အနေဖြင့် ဘုရားရှင်၏ အဆုံးအမ ဗြဟ္မစိုရ်ကျင့်စဉ် အခြေခံဖြင့်၊ မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ သာသနာအကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ခံယူထားပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။ ယင်း ဗြဟ္မစိုရ်ကျင့်စဉ်ကို အခြေခံတဲ့ တရားဥပေဒစိုးမိုးရေး၊ တန်းတူညီမျှရေး၊ အဂတိလေးပါး လိုက်စားမှု ကင်းရှင်းရေး၊ လူတိုင်း၏ မွေးရာပါအခွင့်အရေးများ မဆုံးရှုံးရစေခြင်း စသည်တို့ ထွန်းကားလာအောင် ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ အမြဲကြိုးပမ်းထမ်းဆောင်သွားကြမည် ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါ သည်ဘုရား။”

နိုင်ငံတွင်း တိုင်းရင်းသားလူမျိုး ညီအစ်ကို၊ မောင်နှမအချင်းချင်း ကိုးကွယ်ရာ ဘာသာအလိုက် ယုံကြည်ချက်ရှိသူတွေ ကြားမှာလည်း စာနာနားလည်မှုတွေနဲ့ လက် တွဲသွားနိုင်ဖို့လည်း နိုင်ငံတော် သံဃာ့နာယက ဆရာတော်တွေကို လျှောက်တင်ခဲ့ပါတယ်။

“နိုင်ငံအတွင်း မြန်မာလူမျိုးများအပါအ၀င် တိုင်းရင်းသား ညီအကို၊ မောင်နှမများ ၏ ကိုးကွယ်ရာဘာသာ အသီးသီးအားလည်း ဗြဟ္မစိုရ်ကျင့်စဉ်ဖြင့် ကူညီအားပေး စောင့် ရှောက်ရန် တာဝန်ရှိသည်ဟု ယုံကြည်ထားပါသည်ဘုရား။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအချင်းချင်း ကိုးကွယ်ရာဘာသာ၊ အယူဝါဒရှိသူ အချင်းချင်းတို့ အကြားတွင် ယုံကြည်ခြင်း၊ စာနာနားလည်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ အကျိုးလို လားခြင်းတို့ကို အခြေခံတဲ့ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့် ရှိကြမှသာလျှင် အေးချမ်းသာ ယာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါသည်ဘုရား။”

အန်အယ်လ်ဒီ အစိုးရအဖြစ် တာဝန်ယူဆောင်ရွက်ခွင့်ရတဲ့ အချိန်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတခုခုကို ပြသနိုင်ရမယ်လို့ ယုံကြည်ထားကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သံဃာ့နာယက ဆရာ တော်တွေကို လျှောက်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013