DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဌာန ရက် ၁၀၀ တွင် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်မည်
DVB
·
May 14, 2016
ကာကွယ်ရေးဌာန ရက် ၁၀၀ တွင် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်မည်
Donate to DVB

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်မှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်မြင်အောင် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ၀န်ကြီး ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားပါတယ်။

မေ ၁၃ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ တပ်မတော်နဲ့ မီဒီယာတွေ့ဆုံပွဲမှာ သူက ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ရက် ၁၀၀ မှာ သောင်းကျန်းသူစခန်း ၁၀၀ လောက် တိုက်ပေးပါလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြမလား၊ ဒီလို စဉ်းစားပါတယ်။ သို့သော်လည်းပဲ အဲ့ဒီလိုတော့ မဖြစ်ဘူး၊ အဲ့လိုတော့ မဖြစ်ဘူး။ အဲ့လို မဖြစ်တဲ့အခါကျတော့ ကျနော်တို့က ဘာပဲ လုပ်မလဲဆိုရင် သမ္မတကြီး ဦးထင်ကျော် လမ်းညွှန်ထားတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့လေ၊ ဒီလုပ်ငန်းစဉ်မှာ အောင်မြင်အောင် ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။”

အစိုးရသစ်တက်ပြီး ၁ လကျော်ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ် ထိပ်ပိုင်းခေါင်းဆောင်တချို့တို့ဟာ မေ ၁၃ ရက်နေ့က နေပြည်တော်မှာ မီဒီယာနဲ့ ပထမဆုံး တွေ့ဆုံခဲ့ကြပြီး မီဒီယာရဲ့ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013