DVB Logo
Home
မြန်မာသတင်း
မန္တလေး ရက် ၁၀၀ စီမံချက် ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေး စတင်လုပ်ဆောင်
DVB
·
May 14, 2016
မန္တလေး ရက် ၁၀၀ စီမံချက် ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေး စတင်လုပ်ဆောင်
1 / 12
Donate to DVB

မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ရက် ၁၀၀ စီမံချက် အတွင်းမှာ  ယာဉ်ကြောပိတ်ဆို့မှုရှင်းလင်းရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပါတယ်။

မန္တလေးမြို့မှာ အဓိကယာဉ်ကြောပိတ်ဆို့တာ အများဆုံးဖြစ်တဲ့ ဈေးချိုတော် အနီးတစ်ဝိုက်နဲ့ မိန်းလမ်းမကြီးတွေဖြစ်တဲ့ ၂၆လမ်း၊ ၇၈လမ်း၊ ၃၅လမ်း၊ လမ်း ၈၀ ကနေ လမ်း ၉၀ အပါအ၀င်၊ တစ်လမ်းမောင်းတွေကို  ယာဉ်ကြောပိတ်ဆို့မှုမရှိဖို့ မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်နေကြတာလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး စိုးဝင်းက ပြောပါတယ်။

“ကျနော်တို့ မြန်မာရဲတပ်ဖွဲ့ ဌာနတခုက သတ်မှတ်ပေးတဲ့ ရက် ၁၀၀ စီမံချက်ပေါ့။ ရက် ၁၀၀ စီမံချက်မှာ ပြည်နယ်၊ တိုင်း ရဲတပ်ဖွဲ့မှူး ညွှန်ကြားချက်နဲ့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ အဓိက ချမ်းအေးသာစံမြို့နယ်မှာဆိုရင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်တဲ့ ဈေးချိုပေါ့နော်။ ၈၄ လမ်း၊ ၂၇-၂၈ လမ်းတွေကို အဓိကထား ဆောင်ရွက်နေပါတယ်။ အဓိကထားဆောင်ရွက်တော့ စည်ပင်သာယာ ရဲတပ်ဖွဲ့ပါတယ်၊ ကျနော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ဈေးချိုမှာပိတ်တတ်တဲ့ ၈၄ လမ်းပေါ့နော်။ ၂၇-၂၈ ကြားမှာ ကားတွေ ပစ္စည်းချပြီး၊ ရပ်ထွက်ဖို့ ဒါတွေ ကျနော်တို့ ဆောင်ရွက်နေပါတယ်။”

လတ်တလော စီမံချက်ဆောင်ရွက်နေစဉ်မှာ လမ်းကြောတွေ ရှင်းလင်းသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် လမ်းမဘေး ဈေးဆိုင်တန်းဆိုင်ရှင် တချို့ကတော့ ဒီလို လုပ်ဆောင်မှုအပေါ်ကို အခုလို မှတ်ချက်ပြုပြောဆိုပါတယ်။

“အရောင်းအ၀ယ်ကတော့ သိသိသာသာတော့ ပါးသွားတယ်။ ဟိုဘက်တစ်တန်း၊ ဒီဘက်တစ်တန်းတော့ တစ်စီးစီတော့ ထားစေချင်တယ်ပေါ့နော်။ အလယ်မှာ လုံးဝ အလယ်ကြောမှာ ရပ်တဲ့ဟာကိုတော့ ဖမ်းတာကို ဖမ်းခွင့်ပြုတယ်ပေါ့နော်။ ဈေးဝယ်တွေကလည်း လာတယ်ဆိုရင် အလွယ်တကူ ရပ်ပြီးတော့ ၀ယ်သွားချင်တာပဲလေ။ ပြီးတော့ ပစ္စည်းဘာညာဆိုတာလည်း လိုက်ပို့ရတယ် အပေါ်ထိ၊ ဈေးဝယ်ရဲ့ပစ္စည်းကို လိုက်ပို့ရ တယ်ဆိုတော့ အပေါ်ထပ်ထိ လိုက်ပို့ဆိုလည်း မပို့ချင်ကြဘူး။ အဲလိုမျိုး ဈေးဝယ်ကလည်း ကုန်တင်ကုန်ချကိုလည်း လွယ်လွယ်ကူကူ တင်ချင်၊ ချချင်တယ်ပေါ့” လို့ အထည်ဆိုင်ပိုင်ရှင် ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။

မန္တလေးမြို့မှာ ယာဉ်ကြောရှုပ်ထွေးတာကို ရှင်းလင်းနေပေမယ့်၊ လမ်းတစ်ပြကို မီးပွိုင့်တစ်ခုနီးပါး ရှိနေတာကြောင့် ယာဉ်ကြောကျပ်တည်းမှုကတော့ လက်ရှိချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013