DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်ဒုက္ခသည်စခန်းအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်၊ သေဆုံးသူ ၂ ဦးရှိပြီ
DVB
·
May 14, 2016
ရခိုင်စစ်ရှောင်ဒုက္ခသည်စခန်းအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်၊  သေဆုံးသူ ၂ ဦးရှိပြီ
Donate to DVB

ရခိုင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းအချို့မှာ ၀မ်းပျက်ဝမ်းလျှောရောဂါကြောင့် လူကြီး ၁ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးသွားပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဖားကြွယ်ရွာ အထက်သင်ပုန်းတန်းရွာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ မေ ၁၃ ရက်နေ့က ဝမ်းလျှော့၊ ဝမ်းပျက်ရောဂါဖြစ်လို့ ကလေး ၁ ဦး သေဆုံးသွားတယ်လို့ သွားရောက်ကုသပေးနေတဲ့ ပြည်နယ်ကျန်းမာရေးဌာန ဒုပြည်နယ်မှူး ဒေါက်တာ အောင်သူရိန်က ပြောပါတယ်။

“အဲ့ဒီဒုက္ခသည်စခန်းမှာ ဝမ်းလျှော့ဝမ်းပျက်ရောဂါ ဖြစ်တယ်လို့ ကြားကြားချင်းပဲ ကျနော်တို့အဖွဲ့တွေ သွားကြတယ်၊ ၃ နာရီကျော်လောက်မှာ ဒုက္ခသည်စခန်းကို ရောက်သွားတယ်။ အဲ့ဒီမှာ ၁၃ နှစ် ကလးတယောက်ဆုံးသွားတယ်ပေါ့။ အဲ့ဒါကို အသေးစိတ်သိဖို့ မေးကြည့်တော့ သူ့ရဲ့မိသားဝင်တွေ တယောက်မှမရှိဘူးပေါ့လေ။ ဘာကြောင့် ဘယ်လိုဘာဖြစ်တယ်ဆိုတာကို အသိစိတ်မေးမြန်းခွင့်မရခဲ့ဘူး။ ပြောတာက ဝမ်းသွားတယ်၊ ဖျားတယ်ပေါ့လေ။ ဝမ်းသွားတဲ့သူက သုံးလေးယောက်ရှိတယ်။ အဲ့ဒီမှာဖြစ်နေတာကို ကျနော်တို့အဖွဲ့ ကုသပေးနေတယ်။ ၀မ်းပျက်ဝမ်းလျှောရောဂါ အများကြီး ပျံ့နှံ့ပြီး ဖြစ်နေတာတော့ ကျနော်တို့မတွေ့ရဘူးဘူး။”

စခန်းအနီးက ခွေးသေရွာမှာလည်း ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားလို့ အသက် ၅၀ အရွယ် အမျိုးသားတဦး သေဆုံးသွားပြီး ဖားကြွယ် ဒုက္ခသည်စခန်းမှာလည်း ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အခုလို ၀မ်းပျက်ဝမ်းလျှောတွေ ဖြစ်ပွားနေတာဟာ သောက်သုံးရေပြတ်လပ်ပြီး မသန့်တဲ့ ရေတွေ သောက်သုံးတာကြောင့် ဖြစ်တာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တခုဖြစ်တဲ့ ဝံ့လက်ဖောင်ဒေးရှင်းရဲ့ လူငယ်စာရေး ဆရာဝေဟင်အောင်က ပြောပါတယ်။

''အဲ့ဒီဒုက္ခသည်စခန်းမှာ လူဦးရေ အဆမတန် များနေတယ်။ နေထိုင်ဖို့ နေရာက ကျပ်သိပ်နေတယ်။ ရေကအရမ်းရှားတော့ သောက်သုံးရေက လုံးဝကို မကောင်းဘူး။ သောက်သုံးရေ မကောင်းတော့ ကလေးတွေ တော်တော်များ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေကြတယ်။ ကလေးတွေ အားအင်းမရှိတော့ ပိုဆိုးတာပေါ့လေ။ ဆေးပေးဆေးခန်း တွေလည်းမရှိတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား ဧပြီ ၁၆ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂၀၀၀ ကျော် ခိုလှုံနေကြရပါတယ်။

သတင်း၊ ဝဏ္ဏခွာညို၊

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013