DVB Logo
Home
မြန်မာသတင်း
ရေးမြို့အနီး ပင်လယ်ထဲ ပျက်ကျသည်ဆိုသည့် လေယာဉ် ရှာမတွေ့သေး
DVB
·
May 14, 2016
ရေးမြို့အနီး ပင်လယ်ထဲ ပျက်ကျသည်ဆိုသည့် လေယာဉ် ရှာမတွေ့သေး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်းအနီး ပင်လယ်ပြင်ထဲကို မနေ့ညနေပိုင်းက  လေယာဉ်တစင်း ထိုးကျသွားတယ်ဆိုတဲ့ သတင်းကြောင့် သက်ဆိုင်ရာ ရေတပ်က ရေယာဉ်နှစ်စင်းနဲ့ တညလုံး ရှာဖွေခဲ့ပေမယ့် အခုထိ ရှာ မတွေ့သေးပါဘူး။

ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က သူ ဒီနေ့မနက် ရေး ရဲစခန်းက စုံစမ်းသိရှိရတဲ့ သတင်းအရ ပြောပြခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီ ကုလားဂုတ်ကျွန်းက လူတွေက လေယာဉ်လိုလို ဘာလိုလို ယာဉ်တစင်း ထိုးကျသွားတယ်ပေါ့၊ ညနေ ၆ နာရီလောက်က၊ ကျပြီးတာနဲ့ သက်ဆိုင်ရာ မွန်ပြည်နယ်ရေတပ်စခန်းကို အကြောင်းကြားလိုက်တော့ ရေတပ်သင်္ဘောနှစ်စီးက ညက တညလုံး ရှာတယ်တဲ့၊ အခုထိ ဘာမှ အကောင်အထည် မဖော်နိုင်သေးဘူးတဲ့။”

သက်ဆိုင်ရာ ရေတပ်နဲ့ ရဲတပ်ဖွဲ့ နှစ်ခုစလုံးက လေယာဉ်ပျက်ကျတယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း ဒီသတင်းနဲ့ပတ်သက်လို့ ကုလားဂုတ်ကျွန်းသောင်ပြင်မှာ လမ်းလျှောက်နေတဲ့ လူငယ်တချို့ဟာ ကျွန်းအနောက်ဘက် ပင်လယ်ထဲကို မီးခိုးလုံးကြီးနဲ့ လေယာဉ်နောက်ပိုင်း ထိုးဆင်းသွားတာကို တွေ့မြင်လိုက်ရတယ်လို့ သတင်းမှာ ဖော်ပြထားပြီး သက်ဆိုင်ရာက စုံစမ်းရှာဖွေနေတုန်းလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013