DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမူဓာတ်ပုံများ ပြသ
DVB
·
May 14, 2016
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမူဓာတ်ပုံများ ပြသ
1 / 9
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ မဲဆွယ်စည်းရုံးရေးကာလက လှုပ်ရှားမှုဓာတ်ပုံတွေကို ၃ ရက်ကြာ ရန်ကုန်မှာ ပြသနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ မဲဆွယ်စည်းရုံးရေးကာလ မြန်မာနိုင်ငံအနှံ့ မိုင် ၇၀၀၀ ကျော် ခရီးရှည်လူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံတွေကို လူငယ်ဓာတ်ပုံဆရာ စောဖိုးခွားက ရန်ကုန်မြို့ န၀ဒေးလမ်းမှာရှိတဲ့ Think Art gallary မှာ မေ ၁၃ ရက်နေ ၁၅ ရက်အထိ ပြသနေတာပါ။

ဒီဓာတ်ပုံတွေကို ခက်ခက်ခဲခဲ ရိုက်ခဲ့ရတယ်ဆိုတာကို လူငယ်ဓာတ်ပုံဆရာ စောဖိုးခွားက “ကျနော်ဒီဓာတ်ပုံတွေ လိုက်ရိုက်တဲ့အခါမှာ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းကြောင်းတွေကို လိုက်ရတာ အရမ်းခက်ခဲခဲ့ပါတယ်။ ကျနော်တို့ သွားရေးလာရေး အစုံပေါ့။ တချို့ဒေသတွေမှာဆိုရင် ကျနော်တို့ သတင်းသမားတွေကို စောင့်ကြည့်နေတာ ခံခဲ့ရတယ်ဗျ။ ဒါကတော့ အဲဒီကာလက အခက်အခဲတွေပေါ့။ ဒီဓာတ်ပုံပြပွဲကို လုပ်တာကလည်း ပြည်သူလူထုက ဘယ်လောက်ထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုကို ဘယ်လိုတွေ စည်းရုံးပညာပေးခဲ့ရတယ်ဆိုတာကို ကျနော်ပြသချင်တာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ပြပွဲမှာ ပြသတဲ့ ဓာတ်ပုံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးကာလ အတွင်းက လူပ်ရှားမူဓာတ်ပုံ ၇၁ ပုံကို ရွေးချယ်ပြသတာဖြစ်ပြီး အခက်ခဲတွေကြားကရိုက်ခဲ့ရတဲ့ ဓာတ်ပုံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခက်အခဲတွေကတော့ အများကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့သူက အရမ်းများ တယ်။ မမြင်ဖူးတဲ့လူတွေကော တတိုင်းပြည်လုံးက သူကအသည်းကိုး။ တောထဲတောင်ထဲကို ရောက်လာတဲ့အခါမှာ တွေ့ချင်တဲ့သူတွေက အရမ်းများတယ်။ သူ့ရဲ့လုံခြုံရေးဆိုတာလည်း အများကြီးယူထားတယ်။ ဓာတ်ပုံဆရာတွေအတွက် ဓာတ်ပုံကောင်းတပုံရဖို့ဆိုတာ သိပ်ခက်ခဲတယ်။ အဲဒီထဲမှာမှ အကောင်းဆုံးပေါ့ ခက်ခက်ခဲခဲ ရိုက်ရတဲ့ ဓာတ်ပုံမျိုးတွေ တွေ့တဲ့အခါကျတော့ သူ့ကိုတကယ်ကို လေးလေးစားစားရှိတယ်။ အမေစုကို ဓာတ်ပုံကောင်းတပုံရဖို့ဆိုတာ အရမ်းခက်ခဲတယ်။ ရှေ့ကသွားတာတွေကလည်း အရမ်းမြန်တယ်၊ ပရိသတ်တွေကလည်း တိုးတယ်။ အဲဒီထဲမှာ ပုံကောင်းတပုံရဖို့ဆိုတာ အင်မတန်ခက်ခဲတယ်။ အဲလို အကောင်းဆုံးပုံတွေပြတဲ့အတွက် သူ့ကိုကျေးဇူးလည်းတင်တယ်။ တနေရာတည်းမှာ ပြနိုင်တယ်ဆိုတာ ၀မ်းသာစရာလည်းကောင်းတယ်။ လာလည်းလာကြည့် စေချင်ပါတယ်” ဟု ရွှေအင်းသား ခင်မောင်ဝင်းက တိုက်တွန်းပြောဆိုပါတယ်။

ပြပွဲမှာ ဓာတ်ပုံတွေကို အနည်းဆုံးကျပ် ငါးသောင်းကနေ ဆယ်သိန်းအထိ သတ်မှတ် ရောင်းချနေပြီးတော့ ရလာတဲ့ အကျိုးမြတ်ရဲ့ ၇၁ ရာခိုင်နှုန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံက ရေရှားပါးတဲ့ ဒေသတွေမှာ စက်ရေတွင်းတွေ ပြန် လည်လှူဒါန်းသွားမှာပါ။

ပြပွဲလာရောက် ဖွင့်လှစ်ပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက “ဒီဓာတ်ပုံမျိုးဆိုတာက ရအောင်ရိုက်နိုင်ဖို့ဆိုတာက အတော်ကြိုးပမ်းရပါတယ်။ ရိုက်တဲ့ပုဂ္ဂိုလ်ကိုရော၊ ဒါတွေကိုဖြစ်မြောက်အောင် ကြိုးပမ်းတဲ့ ပုဂ္ဂိုလ်ကိုရော အများကြီး ကျေးဇူးတင်ပါတယ်။ ဒီဟာက ခုနေချိန်ခါမှာ သာမန်ဓာတ်ပုံလို့ ဆိုငြားသော်လည်းပဲ နောင်အခါမှာ အင်မတန်မှ တန်ဖိုးကြီးမားတဲ့ သမိုင်းဝင်ဓာတ်ပုံတွေ ဖြစ်မှာပါ” လို့ ပြောပါတယ်။

ပြပွဲကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဓာတ်ပုံစိတ်ဝင်စားသူတွေ နဲ့ ကြည့်ရှု သူတွေ များပြားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013