DVB Logo
Home
မြန်မာသတင်း
၂၀၁၅-၁၆ ဘဏ္ဍာနှစ် အာမခံထားရှိမှုတွင် မီးအာမခံကြေး အများဆုံးပေးလျှော်ရ
DVB
·
May 14, 2016
၂၀၁၅-၁၆ ဘဏ္ဍာနှစ် အာမခံထားရှိမှုတွင် မီးအာမခံကြေး အများဆုံးပေးလျှော်ရ
Donate to DVB

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်းမှာ အာမခံထားရှိမှု အများဆုံးဖြစ်ပြီး မီးအာမခံကြေး အများဆုံးပေးလျော်တဲ့နှစ် ဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းက ပြောပါတယ်။

မြန်မာ့အာမခံလုပ်ငန်းရဲ့  ၂၀၁၅-၁၆ ခုနှစ်မှာ မီးအာမခံကြေး ပေးလျော်မှုက အရင်နစ်တွေထက် အများဆုံးဖြစ်ပြီး၊ သန်းပေါင်း ၁၇၁၁ သန်းရှိပါတယ်။ အရင် ဘဏ္ဍာနှစ်ရဲ့ သန်းပေါင်း ၆၃၀ သန်းနီးပါး ပိုပြီးပေးလျော်ရတာ ဖြစ်ပါတယ်။

မြန်မာ့အာမခံလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက  “ရာသီဥတုကိုက သာမာန်ထက်စာရင် တော်တော်လေးပူပြင်းလာတာ သိသိ သာသာပဲလေ။ သိသိသာသာ ပူပြင်းလာတဲ့အခါကျတော့ လူတွေအားလုံးကလည်း ဒီ မီးဘေးအန္တရာယ်ကို တော်တော်လေးကို စိုးရိမ်ကြီးလာကြတယ်။ စိုးရိမ်ကြီးလာတာနဲ့အမျှ တကယ်လည်း မတော်တဆဖြစ်မှုတွေက ဖြစ်နေတာကို။ ဖြစ်တဲ့အခါကျတော့ ဒီမှာဆိုရင် ဥပမာ မီးဘေးအန္တရာယ်နဲ့အတူတူ၊ မီးအာမခံ အကာအကွယ်ထားရင်းနဲ့ ငလျင်ဘေးအန္တရာယ်တွေပါ အတူတူထားတာတွေ တွေ့ရတယ်။ ထို့အတူပဲ ရေကြီး၊ ရေလျှံတဲ့ဥစ္စာတွေ ထားလာတယ်၊ မြေပြိုကျတာတွေပါ ထားလာတယ်။    လေပြင်းမုန်တိုင်းတွေ ထားလာတယ်။ သူက မီးအန္တရာယ်မှာ မီးအကာအကွယ်ထားရင်းနဲ့၊ အပိုအကာအကွယ်တွေဆိုတာ ရှိတယ်လေ။ သဘာဝဘေးအန္တရာယ် အပိုအကာအကွယ်တွေ ဖြည့်စွက်ပြီးတော့ ထားတာပေါ့။ အစတုန်းကဆိုရင်တော့ မီးအာမခံ အကာအကွယ်တခုပဲထားတယ်။ အပိုအကာအကွယ် ၁၁ ခုရှိတာမှာ၊ အပိုအကာအကွယ်ကို တချို့တွေကျ မထားကြဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာမခံဝန်ဆောင်မှုလုပ်ငန်း ၁၁ မျိုးရှိပြီး၊ အာမခံထားရှိမှု အများဆုံးမှာ မီးအာမခံနဲ့  အလုံးစုံမော်တော်ယာဉ် အာမခံကိုပဲ အများဆုံး ထားရှိကြတာပါ။  ဒါပေမယ့် မြန်မာနိုင်ငံအတွင်းမှာ အာမခံထားရှိတဲ့ အလေ့အထ နည်းနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013