DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေလုပ်နေဟု သမ္မတဟောင်း ဦးသိန်းစိန်ပြော (ရုပ်သံ)
DVB
·
May 13, 2016
အစိုးရသစ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေလုပ်နေဟု သမ္မတဟောင်း ဦးသိန်းစိန်ပြော (ရုပ်သံ)
Donate to DVB

သမ္မတဟောင်း ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ လုပ်သင့် လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ မြင်တဲ့အကြောင်း မေလ ၁၂ ရက်က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဂျပန် Nippon Television နဲ့ တွေ့ဆုံခိုက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“လက်ရှိ အစိုးရကနေ ဖြစ်လာတဲ့ ပြသနာတွေ သူဖြေရှင်း ဆောင်ရွက်သွားမှာပါ။ အစိုးရ တရပ်အနေနဲ့ သူ လုပ်သင့်လုပ်ထိုက်တာတွေ သူလုပ်နေတယ်ပဲ ဒီလိုပဲ မြင်ပါတယ်။ သူလည်း ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် လုပ်နေတာပဲ။”

ဂျပန်တီဗီသတင်းထဲမှာ ဦးသိန်းစိန်ဟာ နေပြည်တော်က ကြံ့ခိုင်ရေးပါတီဌာနချုပ်ရုံးရှေကို ကားနဲ့ ရောက်လာပုံ၊ ပါတီဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးဌေးဦးနဲ့ ဦးတင်နိုင်သိန်းတို့က ကြိုဆိုနေပုံနဲ့ ဌာနချုပ် အပေါ်ထပ်ကို သူတို့ တက်ရောက်လာပုံတွေ ပြသပြီး တီဗီသတင်းဌာနရဲ့ အမေးကို ပါတီရုံး ၀င်ပေါက်နားမှာ ဖြေဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်သတင်း Nippon Television က ဒီသတင်းကို မေလ ၁၃ရက်မှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ဟာ ဧပြီလဆန်းပိုင်း သမတတာဝန်က အနားယူပြီးတဲ့နောက် ရဟန်းဝတ်ခဲ့ပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥကဌတာဝန်ကို ပြန်လည်ထမ်းဆောင်ပြီး သူ ပါတီလုပ်ငန်းတွေ ပြန်လုပ်တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူရဦးရွှေမန်း အပါအ၀င် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ၁၇ ဦးကို ပါတီက ထုတ်ပယ်ခဲ့ပါတယ်။

ရုပ်သံ - Nippon Television

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013