DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံကို နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝသည့် ညီလာခံဖြစ်စေလို
DVB
·
May 13, 2016
၂၁ ရာစုပင်လုံညီလာခံကို နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝသည့် ညီလာခံဖြစ်စေလို
Donate to DVB

အစိုးရက မကြာခင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုတဲ့အကြောင်းနဲ့ နိုင်ငံရေးအဓိပ္ပါယ် ပြည့်ဝတဲ့ ညီလာခံတစ်ရပ်ဖြစ်ဖို့စေလိုတယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ကြေညာလိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အမည်ကို ပင်လုံ ဆိုတဲ့ စကားလုံးသုံးထားတာဟာ ပြည်သူ လူထုတွေ အထူးသဖြင့် တိုင်းရင်းသားတွေကို ဆွဲဆောင်နိုင်ဖို့ အတွက်သာမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကျင်းပခဲ့တဲ့ ပင်လုံညီလာခံကို အမှန်တကယ်ထင်ဟပ်တဲ့ နိုင်ငံရေး အဓိပ္ပါယ်ပြည့်ဝတဲ့ ညီလာခံဖြစ်ဖို့ လိုလားတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ မေ ၁၂ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက “ပင်လုံညီလာခံက အရင်က တခါပဲရှိခဲ့ဖူးတာကို အဲဒီမှာ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့၊ တတိုင်းတပြည်ထဲမှာပဲ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တန်းတူအခွင့်အရေးနဲ့ နေထိုင်ကြဖို့ဆိုပြီးဗိုလ်ချုပ်အောင်ဆန်းက ချမှတ်ခဲ့တာကိုး ပင်လုံရဲ့ အနှစ်သာရက အဲဒါဖြစ်တယ်၊ ဒါကြောင့် အခုလဲပဲ ၂၁ ရာစုပဲခေါ်ခေါ် ဒုတိယအကြိမ်ပဲခေါ်ခေါ် ပင်လုံဆိုတဲ့ စကားပါနေပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီအရင်က ညီလာခံကိုမေ့ပျောက်မထားပဲ အဲဒါကို ထင်ဟပ်ပြီးတော့မှ တိုင်းရင်းသားအရေး ပြည်ထောင်စု အရေး ဖက်ဒရယ်ကိစ္စ ဆွေးနွေးသွားမယ်ဆိုရင် ဒါ အကျိုးရှိမယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

အဆိုပါညီလာခံ မကျင်းပခင် တနိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးလက်မှတ်ထိုးနိုင်ဖို့၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုလုံးဝရပ်စဲအောင် အစိုးရက ဆောင်ရွက်ဖို့နဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပေးဖို့လည်း ကချင်ပါတီက တောင်းဆိုထားပါတယ်။

၂၁ရာစု ပင်လုံညီလာခံကို တလနှစ်လအတွင်းခေါ်ယူကျင်းပနိုင်အောင်နဲ့ ညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်သူ တွေအားလုံးပါဝင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013