DVB Logo
Home
မြန်မာသတင်း
ဖျော်ဖြေရေးဆိုင်များ ည ၁၁ နာရီ ပိတ်ရန် ညွှန်ကြားခြင်းမရှိဟု အစိုးရပြော
DVB
·
May 13, 2016
ဖျော်ဖြေရေးဆိုင်များ ည ၁၁ နာရီ ပိတ်ရန် ညွှန်ကြားခြင်းမရှိဟု အစိုးရပြော
Donate to DVB

ရန်ကုန်မြို့မှာ ကာရာအိုကေ၊ အရက်ဆိုင်၊ ဘား၊ နိုက်ကလပ် စတဲ့ ဖျော်ဖြေရေးဆိုင်တွေကို ည ၁၁ နာရီ ပိတ်သိမ်းဖို့အတွက် အမိန့်ထုတ်ပြန်ညွှန်ကြားထားတာ မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မေ ၁၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲအတွင်း ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက အခုလို ပြောဆိုလိုက်တာပါ။

“ဒီအမိန့်တွေ ထုတ်ပြန်ရမှာက ကျနော်တို့ အစိုးရအဖွဲ့ကပါ။ အစည်းအဝေးလုပ်ပြီးမှပဲ ထုတ်ပြန်ရမှာပါ။ အမိန့်သည် One Commend တခုပဲ ရှိရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့နိုင်ငံမှာ အပေါဆုံးက အမိန့်ပဲ ဖြစ်ပါတယ်။ ကြုံတဲ့သူက ဝင်အမိန့်ပေးတာ။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ဝန်ကြီးချုပ်က အကြီးဆုံးဖြစ်လို့ ဝန်ကြီးချုပ်က အမိန့်ပေးတာဖြစ်ရမယ်။ ကျနော်တို့က ဘာမှ အမိန့်မထုတ်ပါဘူး။”

ဒီအတွက် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးလုပ်ရဦးမယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း နိုင်ငံရဲ့ အပြောင်းအလဲတွေ ပြုလုပ်ရာမှာ အမိန့် ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

“အနှိပ်ခန်းတွေ၊ ကာရာအိုကေတွေကို အရေးယူမယ်ဆိုရင် ပထမ ကျနော်တို့က လူတွေကို ဖမ်းချင်တာ မဟုတ်ပါဘူး။ ကျနော်တို့က အကြောက်တရားအောက်ကို ထည့်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းကို လုပ်တဲ့သူတွေက ဒါတွေဟာ ငါတို့ မလုပ်သင့်တော့ဘူးလို့ သူတို့ကို ကျနော်တို့က စပြီး အသိပေးမှာ ဖြစ်ပါတယ်။”

အသိပေးလို့မှ မလိုက်နာဘူးဆိုရင် အရေးယူသွားမယ်လို့ သူက ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ အစိုးရအဖွဲ့ရုံးက တိတိကျကျ ပုံစံချပေးမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ခြောက်မယ်၊ ဟောက်မယ်၊ ပြီးရင် ပိုက်ဆံ ယူမယ်ဆိုတဲ့ စနစ်ကို ကျင့်သုံးဖို့ အမိန့်ထုတ်တာ မဟုတ်ပါဘူး” လို့လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်ပြောပါတယ်။

အခုရက်ပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့တွေက ည ၁၁ နာရီ ဆိုင်ပိတ်ဖို့ ဆိုင်တာဝန်ရှိသူတွေကို ခေါ်ပြောတာတွေ ရှိနေပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ရင် အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

အခုကိစ္စဟာ ရက် ၁၀၀ စီမံချက်ရဲ့ အစိတ်အပိုင်း ဖြစ်ပြီး နဂိုကတည်းက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ အချိန်ကန့်သတ်တာပါကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013