DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် မြေယာပြဿ နာဖြေရှင်းမှု အရေးယူရန် မြန်မာလူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
DVB
·
May 13, 2016
မွန်ပြည်နယ် မြေယာပြဿ   နာဖြေရှင်းမှု အရေးယူရန် မြန်မာလူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စုထဲမှာ မနှစ်က ကျူးကျော်နေအိမ်တွေ အကြမ်းဖက်၊ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

သိမ်ဇရပ်ကျေးရွာအုပ်စု ၀ါးဒတ်ကွင်းကျေးရွာထဲက တဲအိမ်အလုံးပေါင်း ၆၀၀ ကျော်ဟာ ကျူးကျော်အိမ်တွေဖြစ်တယ်လို့ ဆိုပြီး ရာအိမ်မှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့တွေက မနှစ် နိုဝင်ဘာလက ၀င်ရောက်ဖျက်ဆီးခဲ့တာကြောင့် ရွာသားနဲ့ အာဏာပိုင်ကြား အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီပြဿ နာနဲ့ပတ်သက်ပြီး ရွာသားတွေဘက်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကို တိုင်ကြားခဲ့တာကြောင့် ကော်မရှင်ဘက်က လိုအပ်တဲ့ စုံစမ်းစစ်ဆေးရေးတွေလုပ်ပြီး ၂၀၁၆ မေလ ၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့အနေနဲ့ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပြီး အမြန်ဆုံးတရားစွဲနိုင်ရေး ဆောင်ရွက်ဖို့၊ မွန်ပြည်နယ် အစိုးရအနေနဲ့လည်း အခင်းဖြစ်ပွားတဲ့နေရာမှာ မြေကွက်နေရာ ချထားရေး ကော်မတီဖွဲ့ပြီး မြေကွက်ချထားပေးမူဝါဒတွေချမှတ်ကာ ပွင့်လင်းမြင်သာစွာနဲ့ မြေကွက်ချထားပေးဖို့ တိုက် တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ် တရားရုံးအနေနဲ့လည်း အခင်းဖြစ်ပွားရာနေရာမှာ တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းမှုရဖို့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အမှုတွေကို ဦးစားပေးစစ်ဆေးစီရင်ဖို့ တိုက်တွန်းထားပါတယ်။

ခုလို လူ့အခွင့်အရေးကော်မရှင်မှ ထုတ်ပြန်တိုက်တွန်းလိုက်တဲ့အပေါ်မှာ ဒီအမှုနဲ့ ပတ်သက်ပြီး ရွာသားတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက အင်မတန်သင့်လျော်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ဒါဟာ အင်မတန်သင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီတိုက်တွန်းတဲ့ပေါ်မှာ သက်ဆိုင်ရာအနေနဲ့ လည်း လိုက်နာဆောင်ရွက်မယ်လို့ မျှော်လင့်တယ်။ အစိုးရအနေနဲ့ နိုင်ငံသူနိုင်ငံသားတွေကို အတည်တကျရှိနေစေချင်ရင်တော့ သဘာဝဘေးအနန္တရာယ်ကြောင့် နေစရာထိုင်စရာမရှိတဲ့ သူတွေ၊ ဆင်းရဲနွမ်း ပါးတဲ့သူတွေ၊ နေစရာပျောက်နေတဲ့သူတွေကို စနစ်တကျနေရာချထားပေး သင့်ပါတယ်။ ဒီလို မြေယာမဲ့ပြဿ နာမျိုးက မွန်ပြည်နယ်မှာတင်မကဘူး။ တနိုင်ငံလုံးမှာလည်း ဖြစ်နေတော့ နေရာချထားရေးက ဒေသဆိုင်ရာအစိုးရတင်မက နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိတယ်။”

အဆိုပါ ၀ါးဒတ်ကွင်းကျေးရွာမှာ ၀င်ရောက်နေထိုင်သူ အများစုဟာ ဧရာဝတီတိုင်းမှဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်နေ ရာပျောက်ဆုံးကာ မွန်ပြည်နယ်မှာ ရာဘာခြစ်လုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ရင်း ငွေစအနည်းငယ်စုမိတာနဲ့ အဲဒီနေရာမှာ အိမ်ဆောင်နေထိုင်ကြတာလို့ သူကဆက်ပြောပါတယ် ။

ဒါပေမယ့် သူတို့ဝင်ရောက်နေထိုင်တဲ့နေရာဟာ ယခင်စက်မှုဝန်ကြီးဌာန စက္ကူစက်ရုံ ကုန်ကြမ်းစိုက်ခင်းဖြစ်ခဲ့ပြီး နိုင်ငံတော်စီမံခန့်ခွဲပိုင်ခွင့်မြေဖြစ်နေတဲ့အတွက် ဒေသခံအာဏာပိုင် တွေက တားဆီးရာမှာ ရွာသားဘက်က အိမ်မီးရှို့ခံရတာ၊ ရိုက်နှက်ခံရတာ၊ အိုးမဲ့အိမ်မဲ့ ပြန်ဖြစ်ရတာလို့ ဆိုပါတယ်။

ရွာသားဘက်က ပြန်လည်ခုခံတဲ့အတွက် အာဏာပိုင်ဘက်က လူတချို့လည်း ထိခုက်ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။

အဆိုပါနေရာမှာ ဆောက်ထားတဲ့ တဲအိမ်ပေါင်း အလုံးရေ ၆၅၀ ကျော်ရှိပြီး လူပေါင်း ၂ ထောင်ကျော် နေထိုင်ခဲ့ပါတယ်။

နေအိမ်ဖျက်ဆီးခံရတဲ့အတွက် အဆိုပါရွာသားတွေလည်း တကွဲတပြားဖြစ်ကာ ဘုန်းကြီးကျောင်း တွေမှာတချို့၊ စိုက်ခင်းတွေ၊ ရာဘာခြံတွေမှာ ပြန်လည် မှီခိုနေ ထိုင်ရပြီး တချို့လည်း မူရင်းနေရာ ဧရာဝတီတိုင်းကို ပြန်သွားရတယ်လို့ ဦးလှမြင့်သန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013