DVB Logo
Home
မေးမြန်းခန်း
တပ်​ပေါင်း​စုအဖြစ်သာ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မည် – ယူအန်အက်ဖ်စီ နှင့်​ ​မေး​မြန်း​ချက်
DVB
·
August 31, 2011
တပ်​ပေါင်း​စုအဖြစ်သာ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မည် – ယူအန်အက်ဖ်စီ နှင့်​ ​မေး​မြန်း​ချက်
Donate to DVB

တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေကို သီး​ခြား​စီခွဲပြီး​ ​ဒေသဆိုင်ရာအစိုး​ရ​တွေနဲ့​ ငြိမ်း​ချမ်း​ ​ရေး​ဆွေး​နွေး​ဖို့​ အစိုး​ရရဲ့​ ကမ်း​လှမ်း​ချက်ကို ယူအန်အက်ဖ်စီ (ညီညွတ်​သောတိုင်း​ရင်း​သား​ လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ) က ပယ်ချလိုက်ပြီး​ တပ်​ပေါင်း​စုအ​နေနဲ့​ ​ဆွေး​နွေး​ဖို့​ ​တောင်း​ဆိုလိုက်ပါတယ်။

[caption id="attachment_14952" align="alignright" width="310" caption="နိုင်ဟံသာ"][/caption]

အစိုး​ရရဲ့​ ဩဂုတ် ၁၈ ရက် ကမ်း​လှမ်း​ချက်နဲ့​ ပတ်သက်လို့​ ယူအန်အက်ဖ်စီက သမ္မတဦး​သိန်း​စိန်ဆီ ပြန်ကြား​ချက်မှာ နိုင်ငံ​ရေး​ပြဿနာဟာ တိုင်း​ဒေသကြီး​/ ပြည်နယ် အလိုက် သီး​ခြား​ဖြစ်ပွား​နေတာမဟုတ်ဘဲ ပြည်​ထောင်စုအဆင့်​ သို့​မဟုတ် တမျိုး​သား​လုံး​ အဆင့်​ ပြဿနာ​တွေဖြစ်လို့​ ကျယ်ကျယ်ပြန့်​ပြန့်​ ​ဆွေး​နွေး​ဖြေရှင်း​ကြမှသာ ​ပြေလည်နိုင် မယ်လို့​ ယုံကြည်တာ​ကြောင့်​ အစိုး​ရရဲ့​ကမ်း​လှမ်း​ချက်ကို လက်မခံတာလို့​ တုံ့​ပြန်ထား​ပါတယ်။

ဒီတုံ့​ပြန်ချက်နဲ့​ ပတ်သက်လို့​ ယူအန်အက်ဖ်စီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ နိုင်ဟံသာ ကို ​မေး​မြန်း​ထား​ပါတယ်။

“အဓိက​တော့​ ဟိုဘက်က ဗဟိုအစိုး​ရ ကိုယ်စား​လှယ်နဲ့​ ကျ​နော်တို့​ ဒီဘက်က ကိုယ်စား​လှယ်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြဖို့​ပါ။ တဖွဲ့​ချင်း​ သက်ဆိုင်ရာ တိုင်း​နဲ့​ ပြည်နယ်နဲ့​ ဆက်သွယ်​နေရမယ်ဆိုရင် အဲဒါသဘာဝမကျဘူး​လို့​ မြင်တယ်။ အဲဒီလို သီး​ခြား​စီ ခွဲပြီး​လုပ်တယ်ဆိုရင် အချိန်လည်း​ကြာတယ်။ ကျ​နော်တို့​ကိုလည်း​ ခွဲပြီး​တော့​ အနိုင်ယူဖို့​ လုပ်တဲ့​ပုံစံလို့​မြင်တယ်။ ဒါ​ကြောင့်​ တပြည်လုံး​၊​ တမျိုး​သား​လုံး​ ကိစ္စဖြစ်တဲ့​အတွက် ဗဟိုအစိုး​ရက​နေ တာဝန်ယူ​ဖြေရှင်း​စေချင်တယ်။ ကျ​နော်တို့​ဘက်ကလည်း​ အား​လုံး​ပေါင်း​ပြီး​တော့​ တပ်​ပေါင်း​စုအ​နေနဲ့​ ​ဖြေရှင်း​ဖို့​ ​ပြောလိုတာပါ။ ”

အစိုး​ရက မလိုက်​လျောဘူး​ဆိုရင် စစ်ပွဲ​တွေဖြစ်မလား​၊​ လိုက်​လျောမယ်ဆိုရင်​ရော ဘာ ​တွေဖြစ်နိုင်လဲ။

“လိုက်​လျောမယ်ဆိုရင် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဖြစ်လာမယ်။ မလိုက်​လျောဘူး​ဆိုရင် ကျ​နော်တို့​ဘက်က လက်မခံဘူး​၊​ မ​ဆွေး​နွေး​ဘူး​။ အဲဒါ​တော့​ ကျ​နော်တို့​ သ​ဘောတူထား​ တယ်။”

တကယ်လို့​ လိုက်​လျောတယ်ဆိုရင် ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ကောင်စီ အ​နေနဲ့​ ဘာ​တွေ ပြင်ဆင်ထား​ပါသလဲ။

“သူတို့​မှာ ဖွဲ့​စည်း​ထား​သလို ကျ​နော်တို့​ တိုင်း​ရင်း​သား​လူမျိုး​ပေါင်း​စုံကို ကိုယ်စား​ပြုတဲ့​၊​ ​တော်လှန်​ရေး​အဖွဲ့​အစည်း​ အား​လုံး​နီး​ပါး​ကို ကိုယ်စား​ပြုတဲ့​အဖွဲ့​ ကျ​နော်တို့​ ဖွဲ့​ထား​ပြီး​ပါပြီ။ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ အဖွဲ့​၊​ အဲဒီအဖွဲ့​နဲ့​ပဲ ​တွေ့​ဆုံကြမယ်။ ​တွေ့​ဆုံတဲ့​အခါကျရင် အဆင်အဆင့်​ပေါ့​။ ပထမ​တော့​ အစိုး​ရဘက်က ထိုး​စစ်ကိုရပ်ဖို့​၊​ ဒုတိယအ​နေနဲ့​က တပြည်လုံး​ အပစ်အခတ်ရပ်စဲ​ရေး​ ​ကြေညာဖို့​၊​ တတိယအ​နေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုကို လုပ်သွား​ဖို့​ပေါ့​။”

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲအတွက် ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ဝင်ပြီး​ ​ဖြေရှင်း​ပေး​ချင်ပါ တယ်ဆိုပြီး​ စာထုတ်ထား​တာ ရှိတယ်။ သူ့​ရဲ့​ အခန်း​ကဏ္ဍက​ရော။

“ဒီအခန်း​ကဏ္ဍက အစိုး​ရဘက်က ထား​တဲ့​သ​ဘောထား​ပေါ် မူတည်တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်က ဒီကိစ္စမှာ ပါဝင်ပြီး​တော့​ ​ဖြေရှင်း​ခွင့်​ပြုရင်၊​ ဒါမှမဟုတ်ရင် သူ့​အ​နေနဲ့​ ကျ​နော်တို့​နဲ့​ ဒီအစိုး​ရကြား​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​နိုင်ခွင့်​ လုပ်ကိုင်ခြင်း​၊​ ညှိနှိုင်း​ပေး​နိုင်တဲ့​ အခွင့်​အာဏာရှိနိုင်ရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။ ကျ​နော်တို့​ဘက်က လိုလား​ပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရဘက်က ဘယ်လို လိုလား​တယ်ဆိုတဲ့​အ​ပေါ်မှာ အများ​ကြီး​မူတည်​နေတယ်ဆို​တော့​ အဲဒီကိစ္စကို​တော့​ ကျ​နော်တို့​က ကြိုမ​ပြောဘဲနဲ့​ အစိုး​ရရဲ့​ သ​ဘောထား​ပေါ်မှာကိုပဲ ကျ​နော်ထား​တယ်။”

အစိုး​ရဘက်က မလိုက်​လျောဘူး​ဆိုရင် တိုက်ပွဲ​တွေ ထပ်ဖြစ်လာနိုင်လား​။

“ဒါက​တော့​ အစိုး​ရ​ပေါ်မှာ အများ​ကြီး​ မူတည်တယ်။ ကျ​နော်တို့​က​တော့​ အဲဒီလိုပဲ လုပ်ရမှာပဲ​လေ။ အစိုး​ရဘက်က ထိုး​စစ်​တွေ ထပ်လုပ်ရင် ကျ​နော်တို့​လည်း​ အဲဒီလို ထပ်လုပ်ရမှာပါ။”

ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ကောင်စီကို ၂၀၁၁ ခု ​ဖေ​ဖော်ဝါရီမှာ ဖွဲ့​စည်း​ခဲ့​ပြီး​ အဖွဲ့​ ၁၂ ဖွဲ့​ ပူး​ပေါင်း​ ပါဝင်ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013