DVB Logo
Home
မြန်မာသတင်း
ပနားမားလျှို့ဝှက်စာတမ်းပေါက်ကြားမှု မြန်မာကုမ္ပဏီ ၆ ခု ပါဝင်
DVB
·
May 12, 2016
ပနားမားလျှို့ဝှက်စာတမ်းပေါက်ကြားမှု မြန်မာကုမ္ပဏီ ၆ ခု ပါဝင်
Donate to DVB

ပနားမားနိုင်ငံ ဥပဒေအကျိုးဆောင် မော့ဆက်ဖွန်ဆက်ကာ ကုမ္ပဏီကနေ ပေါက်ကြားလာတဲ့ စာတမ်းတွေမှာ မြန်မာကုမ္ပဏီ ၆ ခု ပါဝင်နေပါတယ်။

နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားချက်အရ မြန်မာကုမ္ပဏီ ၆ ခုကတော့ Ivanhoe Myanmar Holdings၊ The Union of Myanmar Telecommunications & Satellite၊ Conteast Lines Myanmar၊ Myanmar Telecommunications Services၊ CaL Myanmar၊ Myanmar Pipeline Development တို့ ဖြစ်ပါတယ်။

Ivanhoe Myanmar Holding က Bagan Holdings နဲ့ ပတ်သက်ဆက်နွှယ်နေသလို မောဆက်ဖွန်ဆက်ကာ ကုမ္ပဏီမှာ ၁၉၉၃ ခုနှစ် မတ်လက စတင် မှတ်ပုံတင်ခဲ့ပြီး ၂၀၀၄ နိုဝင်ဘာမှာ မှတ်ပုံတင်ထားတာကို ရပ်ဆိုင်းခဲ့ပါတယ်။ Ivanhoe Myanmar Holding က ကနေဒါနိုင်ငံကနေ ချိတ်ဆက်တယ်လို့ ဆိုပါတယ်။

The Union of Myanmar Telecommunications & Satellite၊ Conteast Lines Myanmar၊ Myanmar Telecommunications Servicesနဲ့ CaL Myanmarတို့ကတော့ ၁၉၉၆ ခုနှစ်မှာ စတင် ချိတ်ဆက်ခဲ့ပြီး ဟောင်ကောင်ကနေတဆင့် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

Myanmar Pipeline Developmentကတော့ ၁၉၉၈ ခုနှစ်က စတင် ဂန်ဇီကျွန်း ကနေ ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ပနားမားလျှို့ဝှက်စာတမ်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိ ဖတ်ရှုနိုင်ဖို့ သန်းနဲ့ ချီတဲ့ အချက်အလက်တွေကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ရဲ့ ၀က်ဆိုဒ်မှာ မေ ၉ ရက်က တင်ထားပေးတာ ဖြစ်ပါတယ်။

အခွန်ရှောင်ဖို့နဲ့ ငွေကြေးခ၀ါချဖို့အတွက် ကမ္ဘာတလွှားက ထင်ရှားတဲ့နိုင်ငံရေး ခေါင်းဆောင်တွေ မိသားစုတွေနဲ့ ထင်ရှားသူတွေရဲ့ ဘဏ်ငွေစာရင်းတွေကို ပနားမားပေပါဆိုတဲ့ နာမည်နဲ့ သန်းချီ လျှို့ဝှက်အထောက်အထားတွေက မကြာခင်ရက်ပိုင်းက ပေါက်ကြားလာပါတယ်။

အရင်ကလည်း ၂၀၁၃ ခုနှစ် Offshore ပေါက်ကြားမှုမှာ မြန်မာနိုင်ငံက လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။

စာရင်းတွေထဲမှာ ရုရှားသမ္မတ ပူတင်၊ တရုတ် သမ္မတ ရှီကျင်းဖင့်နဲ့ပတ်သက်သူတွေရဲ့ ငွေစာရင်းတွေအပြင် နာမည်ကြီး ဘောလုံးသမား မက်ဆီ၊ သရုပ်ဆောင် ဂျက်ကီချမ်းတို့ရဲ့ လျှို့ဝှက်ငွေစာရင်းတွေလည်း ပါဝင်နေပါတယ်။

ဒီပေါက်ကြားမှုကြောင့် အိုက်စလန် ၀န်ကြီးချုပ်နဲ့ ကမာ့္ဘဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ လည်း ရာထူးကနေ နုတ်ထွက်ပေးခဲ့ရသလို ကမ္ဘာတ၀န်းကို လှုပ်လှုပ်ရှားရှား ရိုက်ခတ်သွား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013