DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်ယာစိုက်ပျိုးရေးသီးနှံများ နိုင်ငံတကာသို့ တင်ပို့ရန် နည်းပညာပိုင်း အားနည်းနေဆဲ
DVB
·
May 12, 2016
မြန်မာ့လယ်ယာစိုက်ပျိုးရေးသီးနှံများ နိုင်ငံတကာသို့ တင်ပို့ရန် နည်းပညာပိုင်း အားနည်းနေဆဲ
Donate to DVB

မြန်မာ့လယ်ယာစိုက်ပျိုးရေးသီးနှံတွေ နိုင်ငံတကာကို တင်ပို့နိုင်ဖို့ နည်းပညာပိုင်းမှာ အားနည်း နေတုန်းပဲလို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

“ဈေးကွက်မရှိတဲ့ အတွက်လည်း လျှော့စိုက်တာ ရှိတယ် နည်းပညာလိုတယ်။ စက်တွေလိုတယ်။ တစ်ကယ်တော့ နည်းပညာက သိပ်အကြီးကြီးမဟုတ်ဘူး။ ဒါတောင်မှ ကျမတို့ဆီမှာ သိပ်မလုပ် နိုင်သေးဘူး”လို့ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စက်မှု ကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

မြန်မာ့ လယ်ယာထွက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ပဲ၊ နှမ်း၊ သရက်သီး စတာတွေကို တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကို တင်ပို့နေပေမယ့် ဈေးနှုန်းကတော့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နည်းနေတာပါ။

သီးနှံထွက်ကုန်တွေကို တန်ဖိုးမြှင့် ထုတ်ကုန်အနေနဲ့ မထုတ်လုပ်နိုင်သေးတာကလည်း ဈေးကွက်မှာ အားနည်းချက်ဖြစ်နေပါတယ်။

မကြာခင်ကတော့ စိုက်ပျိုးရေးသီးနှံတွေ ဝယ်ယူဖို့ နယ်သာလန်နိုင်ငံက တာဝန်ခံတချို့ မြန်မာနိုင်ငံကို လာရောက်တုန်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သရက်သီး၊ နာနတ်သီး၊ စတော်ဘယ်ရီ၊ ဂျင်း၊ နှမ်း၊ ပဲအမျိုးမျိုးနဲ့ မန်ကျည်းသီးတွေကို အခြောက်ခံ၊ အေးခဲ၊ နဂိုအတိုင်းစတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ဝယ်ယူဖို့ ကမ်းလှမ်းလာတာပါ။

“ဒီအတွက်ကတော့ နည်းပညာရော၊ အချိန်မီ တင်ပို့နိုင်ဖို့လည်း လိုပါတယ်”လို့ ဒေါ်အေးအေးဝင်းက ပြောပါတယ်။

ဒီလိုတင်ပို့နိုင်ဖို့အတွက် စိတ်ဝင်စားတဲ့ စိုက်ပျိုးထုတ်လုပ်သူတွေဆီကို သတင်းပေးပို့ထားပြီး လက်ရှိမှာတော့ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းနေပြီလို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013