DVB Logo
Home
မြန်မာသတင်း
ရက် ၁၀၀ စီမံချက် ပြည်သူယုံကြည်အောင်လုပ်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြော
DVB
·
May 12, 2016
ရက် ၁၀၀ စီမံချက် ပြည်သူယုံကြည်အောင်လုပ်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြော
1 / 5
Donate to DVB

တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်မှာ ပြည်သူလူထု ယုံကြည်လက်ခံအားပေး လာအောင်ဆောင်ရွက်ဖို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။

နေပြည်တော်၊ ပျဉ်းမနား၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၊ မင်္ဂလာခန်းမ ၁ မှာ မေလ ၁၂ ရက်နေ့က တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။

“ရက် ၁၀၀ စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တာဝန်ကျေရုံမျှ ဆောင်ရွက်ခြင်းမျိုး မပြုဘဲ ပြည်သူလူထုယုံကြည်လက်ခံပြီး အားပေးထောက်ခံမှုရရှိသည်အထိ ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး ယုံကြည်ချက်၊ ခံယူချက်အပြည့်အဝဖြင့် ကြိုးပမ်းဆောင်ရွက်စေလိုတယ်။”

ဒီအခမ်းအနားမှာ ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်၊ လုံခြုံရေး-တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် (၁၀၀) စီမံချက်၊ အလုပ်သမား-လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန လုပ်ငန်းဆိုင်ရာတွေ၊ ယာဉ်စည်းကမ်း-လမ်းစည်းကမ်း ထိန်းသိမ်းကြပ်မတ်တာနဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်မယ့်အစီအမံတွေ၊ မီးသတ်ဦးစီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ဖြစ်တဲ့ မီးဘေးလုံခြုံရေးလုပ်ငန်းများ စတဲ့ အစီအမံတွေကို သက်ဆိုင်ရာ တာဝန်ရှိသူ တွေက ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

အခမ်းအနားကို ရဲတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့ အခြားတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ အပါအ၀င် အယောက် ၄၀၀ တက်ရောက်ခဲ့ပါတယ်။

ရက် ၁၀၀ စီမံချက်ကို မေလ ၁ ရက်နေ့ကနေ စတင်ဆောင်ရွက် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေမှာ ပြည်သူ ၁၁၁၄၇၂၅ ဦးရှိပြီး ရဲတပ်ဖွဲ့ဝင် အင်အားနဲ့ ပြည်သူလူအင်အားကို တွက်ချက်အချိုးချပါက ရဲတပ်ဖွဲ့ဝင် ၁ ဦးကို ပြည်သူလူထု ၈၄၁ ဦးရဲ့ လုံခြုံရေးတာဝန်ယူဆောင်ရွက်နေကြရတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013