DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ဖွံ့ဖြိုးရေးအကူအညီ ယူရိုသန်း ၁ဝဝဝ ပေးရန် အီးယူလျာထား
DVB
·
May 12, 2016
မြန်မာပြည်ဖွံ့ဖြိုးရေးအကူအညီ ယူရိုသန်း ၁ဝဝဝ ပေးရန် အီးယူလျာထား
Donate to DVB

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီအထောက်အပံ့အဖြစ် ဥရောပသမဂ္ဂ (အီးယူ) က ၂၀၁၄မှ ၂၀၂၀ ပြည့်နှစ်အထိ ယူရိုငွေ သန်း ၁၀၀၀ ပေးဖို့ သတ်မှတ် လျာထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး ရိုလန်ကိုဘီယာက ပြောပါတယ်။

မေလ ၁၁ ရက်က ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာကျင်းပတဲ့ ဥရောပနေ့ အထိမ်း အမှတ်အခမ်းအနားမှာ ပြောကြားခဲ့တာလို့ ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မြန်မာပြည်ရဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ အစာအာဟာရ ဖူလုံရေး၊ ပညာရေး၊ အုပ်ချုပ်ပုံစနစ်၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်အဆင့် စွမ်းရည်တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ပံ့ပိုးရေးကဏ္ဍတွေမှာ အဓိက ဦးစားပေးထောက်ပံ့ ကူညီပေးသွား မယ်လို့လည်း အီးယူသံမတ်က ဆိုပါတယ်။

အီးယူက မြန်မာနိုင်ငံကို နှစ်စဉ် ပေါင်သန်း ၁ဝဝ (အမေရိကန်ဒေါ်လာ သန်း ၁၁ဝ)ထောက်ပံ့ပေးနေပြီး ရပ်ရွာလူထု ထိန်းသိမ်းကြပ်မတ်ရေးအတွက် ရဲဝန်ထမ်း ၄၃ဝနဲ့ လူအုပ်စုစီမံခန့်ခွဲ ရေးအတွက် ရဲဝန်ထမ်း ၆၆ဝဝ ကျော်ကို နိုင်ငံတကာမှာ ကျင့်စဉ်နဲ့ လူ့အခွင့်အရေးစံချိန် စံညွှန်းတွေနဲ့ ညီအောင် လေ့ကျင့်ပေးခဲ့ တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် အီးယူက မြန်မာ ကျေးလက်နေအိမ်ထောင်စု ၂သိန်းကို အကြွေးရအောင် ဆောင်ရွက်ပေးတာ၊ အိမ်ထောင်စု ၆သောင်း ကျော်အတွက် ဝင်ငွေ မြှင့်တင် ပေးတာ၊ ကလေးငယ် ၁၈၅ဝဝဝ ငယ်ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးတာ၊ ကလေး ၉သိန်း ကျော်အတွက် ကျောင်းသုံးပစ္စည်းတွေပေးတာနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူ ၂သိန်းကျော်ကို သင်တန်းပေးတာတွေ ကူညီပေးခဲ့ တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013